Krist ဖူးခတ်ကိုရောက်နေသည်မှာ သုံးရက်ရှိပြီ။
သုံးရက်မှာ သူရိုက်ရသည့်အခန်းက နည်းသောကြောင့် kristအနည်းငယ်အားနေသည်။ဇာတ်ညွှန်းဖတ်စရာတွေရှိပေမည့် သူစိတ်မပါ။
ပျင်းတိပျင်းတွဲ ထိုင်ပြီး Pဆီကို စာပို့နေသည်။*P အားလား*
*အင်း အားတယ်*
*P ဘာလုပ်*
*ထမင်းစားနေတယ်*
*ဘာဟင်း*
*ပုဇွန်*
*စားပြီးရင် ဖုန်းဆက်*
*Ok ♥*
Krist ဖုန်းကိုဘေးချပြီး Pဖုန်းခေါ်မှာကို စောင့်နေလိုက်သည်။
Pကထမင်းတောင် စားနိုင်တယ်ဆိုတော့ သူ့ကို သတိမရဘူးလား။
သူကဖြင့် Pကိုလွမ်းလွန်းလို့ ထမင်းတောင်သိပ်စားမဝင်သည်မှာ ပါးဖောင်းဖောင်းလေးက သက်သေ။နဂိုကတည်းက Pဆိုဂျစ်တိုက်ရမှ စားဝင်အိပ်ပျော်သည့်သူက Pဘေးနားမှာ မရှိတော့ နေရခက်နေသည်။
လွမ်းလို့ ဖုန်းဆက်ခိုင်းပါတယ်ဆိုမှ ထမင်းကိုအမြန်မစားဘဲ ဖုန်းဆက်ဖို့ ကြာနေသည့်Pကြောင့် krist ဇာတ်ညွှန်းစာအုပ်ကိုင်ပြီး ဖတ်နေလိုက်သည်။
လုံးဝကို Pဆီ စာလည်း မပို့တော့ဘူး၊ ဖုန်းလည်းမဆက်တော့ဘူး။ဒေါက် ဒေါက်
Krist ဇာတ်ညွှန်းဖတ်နေရင်း တံခါးခေါက်သံကြောင့် တံခါးသွားဖွင့်ပေးလိုက်သည်။
"P!!!"
အပေါက်ဝမှာ ရပ်နေသည့် သူက အမှန်တကယ်ကို Pဖြစ်နေသည်။
ခုဏလေးကမှ ထမင်းစားနေသည့် လူက ဘယ်လိုလုပ် ဖူးခတ်ကို ရောက်လာရတာလဲ။" kit ကိုယ်အခန်းထဲ ဝင်မယ်နော်"
"အင်း..."
Pအခန်းထဲ ဝင်သွားတာနှင့် kristတံခါးကို သေချာပိတ်ပြီး Pနောက်ကို လိုက်ခဲ့သည်။
အခန်းထဲရောက်သည်နှင့် Pက လက်ထဲမှာကိုင်ထားသည့် ခရီးဆောင်အိတ်ကို ချပြီး kristကိုလာဖက်သည်။
Krist အစကကြောင်နေပေမည့် နောက်မှ လွမ်းရသည့် နေ့ရက်တွေကို အတိုးချလျက် Pကိုတင်းကြပ်နေအောင် ပြန်ဖက်ထားလိုက်သည်။Kristကို ဘယ်တောင်တောင် သတိရနေခဲ့လဲဆိုတာ singto သူကိုယ်တိုင်သာ အသိဆုံး။
ဘန်ကောက်မှာတုန်းကလည်း တွေ့နေရပေမည့် မသိချင်ယောင်ဆောင်ရသည်။
မအားသည့်ရက်တွေကလည်း ရှိတော့ မတွေ့ဖြစ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် ချစ်သူတောင် ဟုတ်သေးရဲ့လားလို့ ပြန်စဥ်းစားရသည်အထိ။
တော်သေးသည်က kristကလည်း သူ့နည်းအတူ သူ့ကိုလွမ်းနေလို့။