Part 22

203 24 1
                                    

"Krist ရိုက်ကူးရေးလုပ်မယ့်နေရာက ပြောင်းသွားပြီလို့ ပြောတယ်"

"ဟမ် ဟုတ်လား ဘယ်နေရာတဲ့လဲ P'jane"

"ဖူးခက်မှာ သွားရိုက်မှာ နောက်ပြီး ရက်ကြာမယ်လို့ပြောတယ်"

"ဟုတ်လား"

Krist ခါတိုင်းဆို ဘယ်လိုမှမနေပေမည့် Pက တစ်ခြားမြို့ကို ဒီနေ့မနက်ကဘဲ အလုပ်ကိစ္စနှင့် ခရီးထွက်သွားသည်။
သုံးလေးရက်လောက်ကြာမယ်လို့ ပြောပေမည့် Pပြန်လာလျှင် kristကဒီမှာရှိမနေ။
သေချာသည်ကတော့ Pနှင့်သူ အကြာကြီးခွဲရအုန်းမည်။

တစ်ယောက်နှင့်တစ်ယောက် တရားဝင်ချစ်ပါတယ်လို့ ဖွင့်ပြောပြီးကတည်းက Pနှင့် သူ၏တွေ့ချိန်က နည်းသွားခဲ့သည်။
ဟိုတစ်ခါ ဓာတ်ပုံကိစ္စပြဿနာ တက်ပြီးကတည်းက ရိုက်ကွင်းမှာတောင် စကားမပြောသည်အထိ နှစ်ယောက်သား ဆင်ဆင်ခြင်ခြင်နေကြသည်။

အလုပ်ကိစ္စပြောစရာရှိရင်တောင် နှစ်ယောက်သား အကြည့်ချင်းမဆုံကြ။
အတက်နိုင်ဆုံး တခြားသူတွေသူတို့နှစ်ယောက်ကို အာရုံမစိုက်မိအောင် နေကြသည်။
နေ့မတွေ့ရလို့ ညအချိန်တွေ့ရမယ်မှတ် krist၏မအားလပ်သည့် ရိုက်ကူးရေးတွေနှင့် ပင်ပန်းမှုကြား နှစ်ယောက်သား အတူတူရှိချိန်က တဖြေးဖြေးနည်းပါးလာသည်။

ဟင်း!!!

"Krist သက်ပြင်းတွေချမနေနဲ့ မနက်ဖြန်သွားရမှာကို လိုတာတွေထည့်တော့"

"ဟမ် ချက်ချင်းကြီးလား"

"အေး ဒါရိုက်တာက အမြန်အပြီးသတ်ချင်လို့တဲ့ ဒီကြားထဲအချိန်တွေ ဆွဲခဲ့တာလည်းရှိတော့ ဘယ်သူမှဘာမှမပြောကြဘူးလေ"

အမှန်တကယ်ကို ရိုက်ကူးရေးလုပ်နေသည့်အတောအတွင်း kristပြဿနာရော၊ တခြားပြဿနာလေးတွေပါ တက်ပြီး ရိုက်ကူးရေးကအချိန်တွေကြာနေသည်။
ဒါရိုက်တာကြီး စိတ်လောနေတာလည်း မပြောနှင့် ဒီဇာတ်ကားရိုက်မှ ပြဿနာတစ်ခုပြီးတစ်ခုတက်နေတာကို။

" P'jane ဒီနေ့အိမ်မပြန်နဲ့တော့ kristကို ကူထည့်ပေး"

"ဟုတ်ပြီ ဟုတ်ပြီ ထည့်ပေးမယ်။ အမြဲတမ်းငါ့ပဲ ခိုင်းနေ ဘာတစ်ခုမှ#$$$^&#%&*%$"

BFWhere stories live. Discover now