Singto အိမ်ပြန်ရောက်တော့ နားတောင်မနားနိုင်။
ဖုန်းဆက်စရာရှိတာတွေဆက်၊ လုပ်ခိုင်းစရာရှိတာတွေ လုပ်ခိုင်းနှင့် အချိန်ဘယ်လိုကုန်လို့ ကုန်သွားမှန်းကို မသိ။
ရင်တွေတုန်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ။ည၇နာရီထိုးသည့် အခါကျ singtoလည်း kristဆီသွားဖို့ ဆုံးဖြတ်လိုက်သည်။
ဒီထက်လည်း ပိုပြီးနောက်ကျလျှင် kristဗိုက်ဆာနေမှာဆိုးသည်။
မသွားခင် မှန်ထဲက ကိုယ့်ပုံကိုကြည့်ပြီး အဆင်ပြေလားဆိုတာ ကြည့်ရသေးသည်။အင်္ကျီအဖြူရောင် လက်ရှည်၊ မီးခိုးရောင် ဘောင်းဘီနှင့် ဆံပင်ကို ခပ်အုပ်အုပ်ချထားသည့် သူ့ပုံက ကြည့်ကောင်းမည်လို့ ထင်သည်။
ပြန်ပြင်ဆင်ချိန်လည်း မရှိတော့တာကြောင့် singto kristဆီကိုသာ အမြန်ထွက်လာခဲ့သည်။Kristနေသည့် တိုက်ရှေ့ရောက်တော့ အောက်မှာရောက်နေပြီဆိုသည့် အကြောင်း ဖုန်းဆက်ပြီးပြောလိုက်သည်။
ခဏလောက်နေတော့ krist ထွက်လာသည်။
Krist ဝတ်ထားသည့်ပုံကလည်း အင်္ကျီအဖြူလက်တိုနှင့် မီးခိုးရောင်ဘောင်းဘီ singtoပြုံးမိလိုက်သည်။
မသိရင် သူတို့နှစ်ယောက်ကစုံတွဲတွေ ကြနေတာပဲ။"Pသွားမယ်လေ ဘာလုပ်နေတာလဲ"
"အင်းအင်း "
Singto ကားမောင်းထွက်လိုက်ပြီး သူကြိုတင်စီစဥ် ထားသည့်ဆိုင်သို့ သွားလိုက်သည်။
ဘေးမှာငြိမ်နေသည့် kristကြောင့် ဘာများ ဖြစ်နေလဲဆိုတာ သိချင်ပေမည့် မမေးဖို့ဆုံးဖြတ်လိုက်သည်။
သူလုပ်မည့် အစီအစဥ်ကို အရင်ပြီးဆုံးအောင် လုပ်ပြီးတော့မှ မေးလျှင်လည်း အဆင်ပြေလောက်မှာပါ။စားသောက်ဆိုင်ရောက်တော့ နှစ်ယောက်လုံး ဆိုင်ထဲ အတူတူဝင်လာခဲ့သည်။
သူပဲဒီဆိုင်မရောက်ဘူးလို့လား မသိပြင်ဆင်ထားသည့် အပြင်အဆင်တွေက အရမ်းကိုကြည့်လို့ကောင်းပြီး စိတ်ကူးယဥ်ဆန်သည်။Lilac ၊ baby's breath ၊ sunflower ပန်းတွေနှင့် အလှဆင်ထားသည့် အပြင်အဆင်ကို ကြည့်ပြီး krist နှစ်သက်မိသည်။
"Kit ထိုင်လေ"
"ဟုတ်P"
Pက သူထိုင်ဖို့ခုံဆွဲထုတ်ပေးတာကြောင့် ထိုထိုင်ခုံမှာပဲ kristဝင်ထိုင်လိုက်သည်။
ယခုမှသေချာကြည့်မိသည် စားပွဲပေါ်က အလှပန်းအိုးထဲမှာလည်း baby's breath ပန်းလေး ထိုးထားတာကြောင့် krist ပြုံးမိသွားသည်။