Unicode
တစ်နေကုန် အလုပ်လုပ်ပြီး အရမ်းပင်ပန်းနေတာကြောင့် အိမ်ပြန်ချင်ပြီ။
ခါတိုင်းလို P'jane ပစ္စည်းတွေသိမ်းပြီးသည်အထိ မစောင့်ချင်တော့ပါ။
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသည့်အတိုင်း ညောင်းကိုက်နေတာကြောင့် krist အိမ်ပြန်ဖို့ကို တာဆူနေသည်။"P'jane krist အိမ်ပြန်တော့မယ်"
"Pလိုက်ပို့မယ်လေ Krist"
"ရတယ် P kristတစ်ကိုယ်လုံး ညောင်းကိုက်နေလို့ အရင်ပြန်နှင့်တော့မယ်"
"ညောင်းနေတာလား အဲ့ဆို အိမ်ပြန်ရောက်ရင် ဆေးသောက်အုန်း ဖျားနေအုန်းမယ်"
"ဟုတ် P သွားပြီနော်"
Krist P'janeကို နှုတ်ဆက်ပြီး ဆိုင်ကယ်taxiငှားဖို့ လမ်းမဘက်ထွက်ခဲ့သည်။
ဒီနေ့ကျမှ ကံဆိုးတာလားမသိ ခါတိုင်း ဆိုင်ကယ်Taxiတွေရှိနေကြ နေရာမှာ ဆိုင်ကယ် တစ်စီးမှမရှိ။
P'janeကိုပဲ စောင့်ပြီး အိမ်ပြန်ယုံသာရှိတော့သည်မလို့ companyဘက်ပြန်အလာ သူ့ရှေ့ပိတ်ရပ်တဲ့ကားတစ်စီးကြောင့် တုန်တက်သွားသည်။
ကားထဲက ထွက်လာသည့်သူက singto..."Krist အိမ်ပြန်မလို့လား ကိုယ်လိုက်ပို့မယ်"
"ရတယ် P'janeနဲ့ပြန်မှာ"
"P'janeကို ဦးလေးChaiက ခုနတုန်းကဘဲ လုပ်စရာတွေထပ်ခိုင်းထားတယ်။"
"ဟင်း"
Krist သက်ပြင်းချလိုက်မိ၏။
ဒီနေ့ရိုက်ရတဲ့ရိုက်ကူးရေးက အရမ်းကိုဆိုးဝါးသည်။
ရေကူးကန်ထဲ ခုန်ချသည့်အခန်းရိုက်တာကို လွှဲချော်မှုတွေကြောင့်
ပူကျစ်နေသည့်နွေရာသီရဲ့ အပူချိန်မှာ ရေပူနေသည့်ရေကူးကန်ထဲကို ခဏခဏ ခုန်ချခဲ့ရသည်။ဘာအရာမဆိုအကောင်းဆုံးဖြစ်အောင် လုပ်ချင်သည့်စိတ်ကြောင့်လည်း ဒါရိုက်တာက မနက်ဖြန်မှ ဆက်ရိုက်မည်ပြောတာကို
တဇွတ်ထိုး တစ်နေ့တည်းနှင့် အပြီးရိုက်ခဲ့သည်။
နေ့လည်က ဒဏ်တွေက ယခုမှစုပြုံခံနေရတာကြောင့် kristအိမ်ပြန်ပြီး အိပ်ယာပေါ်ကိုပြစ်လှဲချလိုက်ချင်ပြီ။Krist အရမ်းပင်ပန်းနေမှန်း သိတာကြောင့် အိမ်ပြန်လိုက်ပို့ဖို့
ခွင့်တောင်းတော့ မာနခဲလေးက လိုက်ပို့မခံ။
လိုက်ပို့တာကို လက်မခံတော့ singto ပြန်မယ်လို့ဆုံးဖြတ်ပြီးမှ
ပင်ပန်းနွမ်းလျနေသည့် မျက်နှာလေးကြောင့် ပြန်မယ့်စိတ်ကူးကိုလက်လျှော့လိုက်သည်။