Part 26

210 24 1
                                    

ယနေ့က Krist၏နားရက်ဖြစ်သည်။
Pကလည်း အလုပ်သွားနေတာကြောင့် krist တစ်ယောက်တည်းဖြစ်နေသည်။
တစ်ယောက်တည်း ပျင်းနေတာကြောင့် kristအပြင်သွားဖို့ ပြင်ဆင်လိုက်သည်။

အပြင်သွားလျှင် P'janeကသူ့ခေါ်ဖို့ ပြောထားပေမည့် kristမခေါ်ချင်။
P'jane နားရက်လေးရတုန်း အေးအေးဆေးဆေးလေး နားစေချင်သည်။
သူရိုက်ကူးရေးရှိတုန်းက ပင်ပန်းသလို P'janeလည်း ပင်ပန်းသည်။
သူ့အတွက် အစစအရာရာ အကုန်လုပ်ပေးသည့် P'jane ကို krist နားစေချင်သည်။

Krist အင်္ကျီအဝတ်အစားလဲပြီးသည်နှင့် ထွက်လာခဲ့သည်။
ကားမမောင်းချင်တာကြောင့်  ဆိုင်ကယ်taxi ငှားပြီး supermarketသို့ သွားလိုက်သည်။
Supermarket ရောက်တော့ ဟိုလျှောက်ငေး ဒီလျှောက်ငေးနှင့် ကြိုက်တာလေးတွေရှိလျှင်လည်း krist ဝယ်လိုက်သည်။

ကြည့်ရင်းကြည့်ရင်းနှင့် သွားပြီး တစ်နေရာအရောက် Pကိုတွေ့လိုက်သည်။
Pကဘယ်လိုလုပ် ဒီရောက်နေတာလဲ။
အလုပ်သွားတာ မဟုတ်ဘူးလား။
Krist Pဆီသွားမလို့ရှိသေး မြင်လိုက်ရသည်က Pလက်မောင်းကို လာချိတ်သည့် အမျိုးသမီးတစ်ဦး။

Pကလည်း ထိုအမျိုးသမီး၏လက်ကို ရုန်းဖယ်ခြင်းမပြုဘဲ ရီနေသည်။
Krist စိတ်ထဲစနိုးစနောင့် ဖြစ်သွားရသည်။
Pက သူ့ကျ ယနေ့အရေးကြီးသည့် ရိုက်ကူးရေးရှိတာမလို့ နောက်ကျမည်လို့တောင် ပြောခဲ့ပြီး ယခုကျတော့ ဘာလို့ ဒီကိုရောက်နေရတာလဲ။

Pတို့သွားသည့် နောက်ကို krist ခပ်လှမ်းလှမ်း အနောက်ကနေလိုက် လိုက်သည်။
ဒီလိုလိုက်ချောင်းတာ မကောင်းဘူးဆိုပေမည့် Pတို့ဘယ်သွားလည်းဆိုတာ kristသိချင်သည်။
Pတို့သွားသည့် နေရာက စားသောက်ဆိုင်တစ်ခု နှစ်ယောက်သားရီရီမောမောနှင့် ဆိုင်ထဲဝင်သွားကြသည်။

Krist လည်းဆက်ပြီး လိုက်လို့မဖြစ်တော့တာကြောင့် ထွက်လာခဲ့လိုက်သည်။
သူ့စိတ်တွေကတော့ Pဆီမှာ ကျန်ခဲ့သည်။
Pကဘာလို့ သူ့ကိုလိမ်တာလဲဆိုတာကို krist စဥ်းစားမရ။
နောက်ပြီး အဲ့ဒီအမျိုးသမီးကရော ဘယ်သူလဲ။
ဘာလို့ Pနဲ့အတူတူရှိနေရတာလဲ။

Kristတွေးလေ စိတ်တွေမွန်းကြပ်လေဖြစ်လာရသည်။
ဘာမှအကြောင်းစုံမသိသေးဘဲ ယခုလိုမြင်ကွင်းလေးတစ်ခုလောက်နှင့် Pကိုအထင်မလွှဲသင့်။
ကိုယ့်စိတ်ကိုယ် ဘယ်လိုပဲဖြေသိမ့်နေပါစေ စိတ်ရှုပ်ထွေးမှုက ပြေမသွားဘဲရှိနေသည်။

BFWhere stories live. Discover now