Part 20

219 24 2
                                    

ရေချိုးခန်းထဲ ရေတစ်လက်စက်သာ ကျနေပေမည့် ပိတ်မည့်သူမရှိ။
အချိန်အတော်လေး​ကြာမှ ရေပန်းကကျနေသည့် ရေစက်လေးတွေအောက်သို့ တိုးဝင်လာသည့် ဖြူဖွေးနေသည့် ခန္ဓာကိုယ်လေး။
အေးစက်နေသည့် ရေစက်တွေက ခေါင်းကနေတဆင့် ခန္ဓာကိုယ်ဆီ စီးကျလာတော့ krist နည်းနည်းစိတ်ရှုပ်တာ​တွေ ပြေသွားသည်။

ဒီနေ့က Marနှင့်Parကို သွားတွေ့ရမည့်နေ့။ နည်းနည်းတော့ အဆင်မပြေပေမည့် Pကသူပါ လိုက်ခဲ့မည်ဆိုသောကြောင့် စိတ်နည်းနည်းအေးသွားရသည်။
ဒါပေမဲ့ ပြန်စဥ်းစားကြည့်လျှင် Pသာအိမ်လိုက်ခဲ့လို့ Parနှင့်Mar စိတ်တိုသွားလျှင် ဆိုသည့်အတွေးက ဝင်လာတော့ ခေါင်းကိုက်ရပြန်သည်။

ဒေါက် ဒေါက်

"Kit ရေချိုးတာ အရမ်းကြာနေပြီနော် "

"ဟုတ် Pပြီးပြီရယ်"

Kristလည်း အပြင်ကနေ Pကအော်ခေါ်နေတာမလို့ ရေချိုးတာလက်စသပ်ပြီး အပြင်ထွက်လာခဲ့သည်။
အခန်းထဲမှာတော့ Pရှိမနေတာကြောင့် kristလည်း ကုတင်ပေါ်မှာ တင်ထားသည့် Pထုတ်ပေးထားသည့် အင်္ကျီကို ဝတ်လိုက်သည်။

အင်္ကျီဝတ်ပြီးတာနှင့် အခန်းအပြင်ကိုထွက်လာခဲ့သည်။
Pကသူထွက်လာတာ တွေ့တော့ ပြုံးပြီး သူ့အရှေ့ကို လာရပ်သည်။

"ကိုယ် ထုတ်ပေးထားတဲ့ အင်္ကျီလေးနဲ့ kitက အရမ်းချောနေတယ်"

"နဂိုကတည်းက ချောပြီးသားပါPရာ"

"ဟားဟား ဟုတ်ပါပြီ kitပြီးပြီဆို ကိုယ်တို့သွားရအောင်လေ"

"ဟုတ်P"

Kristတို့အိမ်ကို သွားနေသည့် လမ်းတစ်လျှောက်လုံး kristက စကားလုံးဝမပြောဘဲ အပြင်ဘက်သာ ငေးကြည့်နေသည်။
Singtoလည်း kristစိတ်လှုပ်ရှားနေမှန်းသိတာကြောင့် တိတ်တဆိတ်သာနေလိုက်သည်။

အချိန်တော်တော်ကြာသည့် အထိ ကားမောင်းပြီး နောက်ဆုံးတော့ kristတို့အိမ်ကို ရောက်လာခဲ့သည်။
Kristကိုသာ စိတ်မလှုပ်ရှားဖို့အတွက် အားပေးနေတာ သူလည်းအရမ်းတွေ စိတ်လှုပ်ရှားနေသည်။
ဒီအိမ်က kristတို့အဘိုးအိမ်ဖြစ်တာကြောင့် kristတစ်ခါမှတော့ မရောက်ဘူးပေ။

BFWhere stories live. Discover now