ညရောက်တော့ သူရောPရော ကမ်းခြေဘက်ကို လမ်းလျှောက်ဖို့ ရုပ်ဖျက်ပြီး ထွက်လာခဲ့သည်။
နည်းနည်း မှောင်သည့်ဘက်ကို သွားပြီး ဘေးပတ်ဝန်းကျင်ကို သေချာကြည့်လျက် လူရှင်းတာ သေချာပြီဆိုမှ ရုပ်ဖျက်ထားတာတွေကို နှစ်ယောက်လုံး ဖယ်လိုက်သည်။တိုက်ခတ်လာသည့် လေညှင်းလေးတွေကို တဝကြီး ရှူသွင်းပြီး Pကိုကြည့်တော့ Pက မှောင်မဲနေသည့် ပင်လယ်ပြင်ကြီးကို ကြည့်နေသည်။
Krist Pလက်ကိုဆုပ်ကိုင်ပြီး လမ်းလျှောက်လိုက်သည်။
Pကလည်း သူ့ဘေးကနေ လိုက်ပြီး လမ်းလျှောက်နေပေမည့် အကြည့်တွေကတော့ သူ့ဆီမှာ။နှစ်ယောက်လုံး ဘာစကားမှ မပြော ဒီအတိုင်း တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီးတော့သာ လမ်းလျှောက်နေသည်။
စကားမပြောကြပေမည့် ဒီလိုတိတ်တိတ်ဆိတ်ဆိတ်နှင့် နှစ်ယောက်ထဲ အတူတူရှိရတာကို krist သဘောကျသည်။Pကိုကြည့်တော့လည်း Pက သဘောကျနေသည်ထင်သည် မျက်နှာပေါ်မှာ ခပ်ပါးပါးပြုံးယောင်သန်းနေသည်။
"P kitတို့ အဲ့နားမှာ ထိုင်ရအောင်"
Krist အရှေ့မှာ မြင်နေရသည့် ခုံတန်းလေးကို လက်ညိုးထိုးပြီး ထိုင်ဖို့ပြောလိုက်သည်။
ခုံတန်းလေးပေါ် မီးအလင်းရောင် လင်းထိန်စွာ ကျရောက်နေတာကြောင့် Pက မျက်လုံးလေးပြူးလျက် ကြည့်လာသည်။"Kit အဆင်ပြေပါ့မလား"
"အဆင်ပြေပါတယ် Pရ မိုးချုပ်နေပြီကို ဘယ်သူမှမရှိလောက်တော့ပါဘူး"
"အင်းကောင်းပြီလေ"
Krist က ခုံတန်းလေးပေါ် ထိုင်လိုက်ပြီး Pကိုကြည့်တော့ Pက သူနှင့် ခပ်ခွာခွာ လောက်မှာ ထိုင်နေသည်။
Krist မျက်မှောင်ကြုံလျက် Pဘေးနားတိုးထိုင်တော့ Pက ထပ်ပြီး ဟိုဘက်တိုးသွားပြန်သည်။"P kitနဲ့မထိုင်ချင်လို့လား"
"မဟုတ်ဘူး kit ကိုယ်တို့က အပြင်ရောက်နေတာလေ"
"အမြဲတမ်းကြီး အခုလိုပဲ အပြင်မှာရှိနေတိုင်း ဟန်ဆောင်နေသွားရမှာလား"
"အင်း အချိန်အတိုင်းအတာ တစ်ခုထိ ကိုယ်တို့ အခုလိုပဲ နေသွားရမယ် ကိုယ်က kitဒီထက်ပိုပြီး အောင်မြင်လာတာကို ကြည့်ချင်သေးတယ်လေ"