Part 17

232 29 3
                                    

ရည်းစားသက်တမ်း၂လအတွင်းကို singto krist၏ ဂျီတိုက်နည်းအဖျာဖျာကို သိရှိသွားသည်။
သူရိုက်ကူးရေးလုပ်နေသည့် အချိန်တွင်တော့ ရုပ်တည်ကြီးနှင့် နေပြီး အိမ်အတူတူပြန်ကြသည့်အချိန်တွင် နဂိုဂျီကျတက်သည့် ဗီဇလေးက ပေါ်လာသည်။

ဥပမာပြောပြရရင် kristကိုအိမ် လိုက်ပို့သည့်အချိန်ကျ လမ်းမှာ ဘယ်စားချင်လဲလို့ မမေးဘဲ အိမ်တန်းပြန်ရင် စိတ်ဆိုးသည်။
စိတ်ဆိုးလို့ ချော့ပြီးမုန့်ပြန်သွားစားမယ်လို့ ပြောရင် မသွားဘူး အစကတည်းက ဘာလို့မမေးလည်းဆိုပြီး ဂျစ်တိုက်သည်။

တကယ်ကို တစ်ခုခုပြီးတစ်ခုဂျစ်တိုက်လိုက်၊ စိတ်ဆိုးလိုက် လုပ်နေပေမည့် singtoကတော့ အဲ့ဒါလေးတွေကိုပဲ သဘောကျပြီး ချစ်မဝဖြစ်နေရသည်။

"P'sing မျက်နှာမှာ တစ်ခုခုရှိနေလို့ ညီမကိုကြည့်ပြီးရီနေတာလားဟင်"

သူနှင့်အဝေးမှာ ထိုင်ပြီး မျက်နှာလေးမော့လျက် မိတ်ကပ်အလိမ်းခံနေသည့် kristကိုကြည့်ပြီး တွေးမိရာက သဘောကျသဖြင့် ရီသံလေးထွက်သွားသည်ကို singtoနှင့်အလုပ်ကိစ္စ စကား​ပြောနေသည့် ကောင်မလေးက တစ်မျိုးထင်သွားသည်။

"မဟုတ်ပါဘူး ဒီအတိုင်း ကျွန်တော့်ချစ်သူအကြောင်း တွေးမိသွားလို့ပါ"

"အော် P'singက ချစ်သူရှိတယ်ပေါ့။"

"အင်း"

"P'singက ချစ်သူကိုတော်တော်ချစ်မှာပဲ အလုပ်ကိစ္စပြောရင်းတောင် တွေးမိပြီး ရီတယ်ဆိုတော့"

"ဟုတ်တယ် သူကကျွန်တော့်ရဲ့ငယ်ချစ်ဦးလေ"

"ဝိုး တကယ်ကြီးလားမိုက်တယ်"

"အင်း ကျွန်တော် မင်းသားKristကို ပြောစရာရှိလို့ သွားလိုက်ပါအုန်းမယ်"

"ဟုတ်ဟုတ် ရတယ်"

စပ်စပ်စုစုနှင့် မေးနေသည့် ကောင်မလေးကြောင့် singtoမကြိုက်ပေမည့် ကောင်မလေးမေးသည်က ကိုယ့်ချစ်သူ kristအကြောင်းဆိုတော့ စိတ်ရှည်လက်ရှည်နှင့် ပြုံးပြီး ပြန်ဖြေမိသည်။

ကောင်မလေးကို ပြန်ဖြေပြီး kristဆီကို အကြည့်ရောက်သွားတော့ သူ့ကို မချိုမချဥ်ပြုံးပြနေတာကြောင့် singtoမျက်ခုံးပင့်မိသွားသည်။
မိတ်ကပ်လိမ်းပြီးသွားတာကြောင့် singtoကို အကြည့်လေးနှင့် နောက်ကလိုက်ခဲ့ဖို့ kristမျက်ရိပ်ပြလိုက်သည်။

BFWhere stories live. Discover now