Part 13

249 35 5
                                    

Krist ဒီနေ့ တစ်နေ့လုံးလည်ပတ်ပြီး အိမ်ကိုပြန်ချင်စိတ်တွေ ဝင်လာရသည်။
အကြောင်းမှာမူ ဒီမှာရှိနေရင် suchinနှင့်တွေ့ရမည်။
သရုပ်ဆောင်တစ်ယောက်မလို့ ဟန်ဆောင်ခြင်းအရာက မစိမ်းပေမည့် ဇာတ်လမ်းထဲကထွက်ပြီး ကိုယ့်ဖြစ်တည်မှုအတိုင်း နေနေသည့်အချိန်မှာတော့ ဟန်ဆောင်မှုတွေမလုပ်ချင်။
ထိုအရာက သူ့ကိုပိုပင်ပန်းစေသည်။

ထို့ကြောင့် အိမ်ပြန်ချင်တယ်လို့ Pကိုပြောတော့ Pကခေါင်းငြိမ့်ပြတာကြောင့် Kristသူဖွထားသည့် အဝတ်အစားတွေ ပြန်ရှင်းနေသည်။

"Kit ကိုယ်နောက်တစ်ခါကျမှ အေးအေးဆေးဆေးလည်လို့ရအောင် ထပ်ပြီး လိုက်ပို့မယ်နော်"

"ဟုတ် P"

သူ့ကိုပြောပြီး လုပ်စရာရှိတာဆက်လုပ်နေသည့် kristကြောင့် singtoစိတ်မကောင်းဖြစ်မိသည်။
ရှားရှားပါးပါးရသည့် နားရက်လေးက သူ့ကြောင့်ပျက်စီးသွားသည်။
Suchinဒီကိုရောက်လာကတည်းက singtoဘန်ကောက်ကိုပြန်ချင်နေပေမည့် ဒီမှာလည်ပတ်ရင်း ပျော်ရွှင်နေသည့် kristကြောင့် singto သည်းခံပြီးနေနေရသည်။

ဒီနေ့ကျ အပြင်မှာလျှောက်လည်ပြီး ပြန်လာလာချင်း kristက ပြန်ချင်သည်လို့ ပြောလာတာကြောင့် singtoကြိတ်ပြီး ဝမ်းသာမိသွားသည်။
ဒီကလေးက သရုပ်ဆောင်သာ ဖြစ်တယ် လက်တွေ့လောကမှာတော့ ဟန်ဆောင်ပြီး မနေတက်သည်ကို singtoသိသည်။

"Pမနက်ဖြန် ရထားထွက်ချိန်က ၉နာရီမလား။ မနက်စောစောလေးထပြီး kitဝယ်စရာရှိတာတွေ ဝယ်ချင်တယ်"

"သဘောလေ Pနှိုးလိုက်မယ် စိတ်ချ အခုအိပ်တော့ မနက်ဖြန်စောစောထမှာဆိုတော့"

"ဟုတ်"

Krist မအိပ်ချင်သေးပေမည့် ကုတင်ပေါ်တက်ပြီး မှေးနေလိုက်သည်။
ခဏလောက်ကြာတော့ အခန်းတံခါးခေါက်သံထွက်ပေါ်လာသည်။
Krist လုံးဝအိပ်မပျော်သေးဘဲ မျက်လုံးသာမှိတ်ထားပြီး အသံနားစွန့်နေသည်။
Pတံခါးသွားဖွင့်ပြီးနောက် မိန်းကလေးအသံကြားလိုက်ရသည်။

ထို့နောက် တံခါးပိတ်သံကြားလိုက်ရပြီး အခန်းထဲတိတ်ဆိတ်သွားသည်။
အဲ့တော့မှ kristမျက်လုံးပြန်ဖွင့်ပြီး အနွေးထည်ယူကာ Pနှင့် suchinသွားသည့်နောက်ကို အသာလိုက်ခဲ့သည်။
ဝရန်တာလို့ ခုဏက ပြောသံကြားလိုက်တာကြောင့် Krist ဝရန်တာဘက် ထွက်လာခဲ့သည်။

BFWhere stories live. Discover now