Krist အရမ်းကိုညောင်းကိုက်ပြီး ကိုယ့်ကိုယ်ကို ဖျားတော့မှန်းသိတာကြောင့်
တိုက်ခန်းထဲရောက်သည်နှင့် အကိုက်အခဲပျောက်ဆေးတစ်လုံးလောက် သောက်ထားလိုက်သည်။
ဆေးသောက်ပြီးသည်နှင့် အိပ်ခန်းထဲဝင်ကာ ကုတင်ပေါ်တက်ပြီး
တစ်နေ့တာပင်ပန်းမှုတွေကို အိပ်စက်ရင်းဖြင့်သာအပန်းဖြေလိုက်သည်။Singto အိမ်ကိုပြန်နေတုန်း ဖုန်းသံကြားတာကြောင့် ကားကို လမ်းဘေးခဏရပ်လိုက်သည်။
ဖုန်းသံက သူ့ဖုန်းသံမဟုတ် ကားနောက်ခန်းထဲက အသံထွက်လာတာမလို့
ကားနောက်ခန်းထဲကြည့်တော့ kristရဲ့အိတ်က ကားနောက်ခန်းမှာ ကျနေသည်။
Krist အိတ်ကိုဖွင့်ကြည့်တော့ p'janeက ဖုန်းခေါ်နေတာကြောင့် singtoလည်း ကိုင်လိုက်သည်။"ဟယ်လို P'jane"
"Singtoက ဘယ်လိုလုပ်ပြီး kristဖုန်းကို..."
"အော် kristကို အိမ်ပြန်လိုက်ပို့တာ ကျွန်တော့်ကားပေါ်ဖုန်းကျန်ခဲ့လို့ P'jane"
"အော် အင်းပါ"
"P'jane kristကို ပြောစရာရှိလို့လားရှိရင် ကျွန်တော်ပြောပေးမယ်လေ အခုKristကို အိတ်သွားပေးမလို့"
"အရေးမကြီးပါဘူး singtoရယ်။ အဲ့ကလေးကို ဆေးသောက်ဖို့မမေ့နဲ့လို့ပြောမလို့ "
"Krist ကနေမကောင်းဘူးလား"
"ကိုယ်လက်တွေညောင်းကိုက်နေတာတဲ့လေ။ singtoလည်းသိတဲ့အတိုင်း ဒီနေ့ရိုက်ကူးရေးကို"
"ဟုတ်Pကျွန်တော် သတိပေးလိုက်ပါ့မယ်။krist တိုက်ခန်းနံပါတ်လေး ပြောပြအုန်းP"
"62"
"ဟုတ်ကဲ့ P အဲ့ဆို ဒါပဲနော်"
Singto ဖုန်းချလိုက်ပြီး ကျေကျေနပ်နပ်ကြီးကိုပြုံးလိုက်သည်။
သူဝယ်ထားသည့် တိုက်ခန်းနံပါတ်ကလည်း 62 ပဲ။
လိုက်ညှိစရာကို မလိုသည့် သူတို့နှစ်ယောက်ရဲ့တိုက်ဆိုင်မှု။
တိုက်ဆိုင်မှုဆိုတာထက် ရေစက်လို့ပြောရမည်။Singto ကားအမြန်မောင်းပြီး kristနေသည့်တိုက်ရှေ့ရောက်တာနှင့် ကားကိုရပ်ထားခဲ့လိုက်သည်။
လုံခြုံရေးကို တိုက်ခန်းနံပါတ်ပြောပြီး လိုက်ပို့ခိုင်းလိုက်သည်။
တိုက်ခန်းရှေ့ရောက်တော့ bellနှိပ်လိုက်ပေမယ့် တော်တော်နှင့်ထွက်မလာ။
နောက်တစ်ချက် ထပ်နှိပ်ပြီး စောင့်နေတော့လည်း ထွက်မလာတာကြောင့် singto စိတ်ပူလာသည်။