Part 21

209 24 3
                                    

Marနှင့် Parက သံသယတွေကင်းရှင်းသွားလို့ ထင်သည် Pအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဖော်ရွေနေသည်။
Pကလည်း မင်းသားတောင်လုပ်လို့ရသည် kristကို ညီလေးတစ်ယောက်လို ဆက်ဆံပုံက သရုပ်ဆောင်တစ်ယောက်အတိုင်း အသက်ဝင်သည်။
သံသယဖြစ်ဖွယ်ရာတွေ မရှိတော့ သူတို့၏ စကားဝိုင်းလေးက အပြုံးအရီတွေနှင့် အသက်ဝင်လာသည်။

"သား Singto နေ့လည်စာ စားပြီးမှပြန်ကြနော် Marဟင်းချက်ထားတယ်"

"ဟုတ် ကျွန်တော်လည်း အဒေါ်ရဲ့ဟင်းချက်လက်ရာကို လွမ်းနေတာ"

"အမယ်လေး singtoလည်း သူ့ညီkristနှင့်နေလို့လားမသိ အချွဲလေးဖြစ်လာပါလား"

Mar၏ စကားအဆုံး Parရော၊ သူရော ရီမိလိုက်သည်။
သူတို့၏ စကားဝိုင်းလေးက ထိုမှာတင် အဆုံးသတ်သွားပြီး kristက သူ့အခန်းကို P လိုက်ပြဖို့ Parနှင့် Marကို ခွင့်တောင်းလိုက်သည်။

"Singto မင်းညီအခန်းကိုသွားကြည့်လိုက် သူအရူးထထားတာတွေ ဘာတစ်ခုမှမရှင်းထားဘူးရယ်"

"ဟုတ်ကဲ့ ဦလေးနှင့်အဒေါ် ခွင့်ပြုပါအုန်းနော်"

" အေးအေး"

Singto လည်း Kristနောက်ကနေ လိုက်သွားလိုက်သည်။
Kristအခန်းက ဒုတိယထပ်မှာရှိသည်ထင်သည်။
Kristက ဒုတိယထပ်သို့ရောက်တော့ ညာဘက်ကိုချိုးပြီး လမ်းနည်းနည်းလောက်လျှောက်လျက် အဖြူရောင်သုတ်ထားသည့် တံခါးရှေ့မှာ ရပ်လိုက်သည်။

ထို့နောက် တံခါးဖွင့်ပြီး Singtoကို အခန်းထဲဝင်ခိုင်းတာမလို့ အခန်းထဲဝင်လိုက်သည်။
အခန်းထဲရောက်တော့ kristက တံခါးကိုလော့ချလိုက်ပြီး သူ့ကို ပြေးဖက်သည်။

"Kit ဘာဖြစ်လို့လဲ"

"ဒီအတိုင်း ဖက်ချင်လို့..."

"ဟုတ်ပါပြီ ဖက်ပါ"

"P "

"ပြောလေ kit"

"ကျေးဇူးတင်ပါတယ် P ကျွန်တော့်စိတ်ကိုနားလည်ပေးလို့ နောက်ပြီး ဟန်ဆောင်ပေးလို့"

"မလိုပါဘူး kit ကိုယ်က ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်တာမလို့ kitက စိတ်မကောင်းလည်းမဖြစ်နဲ့ ၊ အားနာတဲ့စိတ်လည်း မဝင်နဲ့နော်"

BFWhere stories live. Discover now