Part 19

225 29 4
                                    

"Pကို မုန်းတယ်"

ထိုစကားကိုကြားလိုက်ရသည့် တခဏ Singto နားတွေပါအူထွက်သွားရသည်။
ဘာကြောင့် Kristက သူ့ကို မုန်းရတာလဲ။
သူဘာအမှားများ လုပ်မိလို့လဲ။
Singto စိတ်ထဲမှာသာ မေးခွန်းတွေတစ်ခုပြီး တစ်ခုတန်းစီ မေးနေပေမည့် နှုတ်ခမ်းတစ်စုံကတော့ အသံတစိုးတစိမှ ထွက်မလာခဲ့။

အဲ့ဒီအစား ပါးပြင်ထက်သို့ မျက်ရည်တွေသာ စီးကျလာတာကြောင့် singto ခေါင်းငုံ့ချလိုက်သည်။
Kristကို သူမျက်ရည်ကျတာ မမြင်စေချင်။
စိတ်ဓာတ်ပျော့ညံ့သည့် ယောကျ်ားတစ်ယောက်လို့ ထင်သွားမှာဆိုးသည်။
သူကပျော့ညံ့သည့် ယောကျ်ားတစ်ယောက်မဟုတ်ပေမယ့် kristနှင့်ပတ်သတ်လာလျှင်တော့ မျက်ရည်ကျစမြဲပင်။

Pကိုကြည့်ပြီး Krist ရင်ဘတ်တွေအောင့်လာရသည်။
Pလို စိတ်ဓာတ်မာကြောသည့် သူတစ်ယောက်က သူ့ကြောင့်မလို့ မျက်ရည်ကျရပြီ။
ခေါင်းငုံ့ပြီး အသံတိတ်မျက်ရည်ကျနေရသည့် P ပုံက ဘာလို့များ အဲ့လောက်ဝမ်းနည်းစရာကောင်း နေရတာလဲ။

Krist ကြည့်မနေနိုင်တော့တာကြောင့် Pကိုလှမ်းဖက်လိုက်တော့ သူ့ခါးကို ပြန်ဖက်လာသည့် Pလက်တွေက တင်းကြပ်စွာ။
Kristလည်း ဝမ်းနည်းလာတာကြောင့် P၏ပခုံးပေါ် မျက်နှာလေးတင်လိုက်ပြီး အသံတိတ်မျက်ရည်ကျမိသည်။

Pကတော့ သူဝမ်းနည်းနေတယ်ဆိုတာ သိလို့လားမသိဘူး ကျောလေးကို ကလေးတွေချော့သိပ်သလို ဖွဖွလေးပုတ်​ပေးလာတာကြောင့် krist ဝမ်းနည်းစိတ်တွေ လျော့ပါးသွားသည်။

"တောင်းပန်ပါတယ် P။"

"ဘာကိုလဲ kit"

"မုန်းတယ်လို့ ပြောမိလို့"

"ကိုယ့်ကိုတောင်းပန်စရာမလိုပါဘူး kit နောက်တစ်ခါသာ အဲ့လိုထပ်မပြောပါနဲ့"

"အင်း မပြောတော့ဘူး။ "

Krist အဲ့လိုလေးပြောလာမှ singto စိတ်အေးရတော့သည်။

"P..."

"ဗျ"

"ချစ်တယ်"

"Pရောပဲ kitကိုအရမ်းချစ်တယ်"

"အင်း"

ခုဏက မုန်းတယ်လို့ပြောတာ သူမဟုတ်တဲ့အတိုင်း ရင်ခွင်ထဲတိုးဝင်လာပြီး ကြောင်ပေါက်လေးလို ချွဲနေတာကြောင့် singto အပျော်ကြီးပျော်နေရသည်။
Kristဆိုတာ သူတစ်ယောက်ထဲကိုပဲ ဒီလိုပုံစံလေးတွေပြဖူးတာမလို့ singto တွေးလေ အကျေနပ်ကြီး ကျေနပ်နေရတော့သည်။

BFWhere stories live. Discover now