"Kit ကိုယ်တို့လမ်းလျှောက်ပြီးပြန်ရအောင်"
Krist ဗိုက်အင့်နေမှာဆိုးတာကြောင့် singtoလမ်းလျှောက်ပြန်ဖို့ပြောလိုက်သည်။
Kristကတော့ သူ့ကိုလမ်းလျှောက်ပြန်ဖို့ ပြောမှာမဟုတ်မှန်း သူသိသည်။
စိတ်ဆိုးနေတာက သိပ်မှမပြေသေးတာ။"အင်း..."
တကယ်ကို စကားတစ်လုံးထဲပြောပြီး အရှေ့ကထွက်သွားပြန်သည်။
ဒီကလေးက စိတ်ဆိုးလျှင်ချော့ရခက်သည်။
ဒါတွေကိုသိလို့ singto ရေအဝသောက်ပြီးသား။"Kit ကိုယ်ငယ်ငယ်ကအကြောင်းတွေ နားမထောင်ချင်ဘူးလား"
"နားမထောင်ချင်ဘူး..."
"ဒါပေမယ့် ကိုယ်ကပြောပြချင်နေတယ်"
"တခြားသူကို သွားပြောလိုက်"
"ကိုယ်က kitကိုပဲပြောပြချင်တာ"
Krist သွားနေသည့် ခြေလှမ်းတွေကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် Pကိုကြည့်လိုက်သည်။
Pကတော့ သူမျက်မှန်အမဲတပ်ထားတာကြောင့် မျက်မှောင်ကြုတ်တာကို မြင်မှာမဟုတ်။
လုံးဝသူ့ကို ချော့နေမှန်းသိပေမည့် kristဂရုမစိုက်ဘဲ နေနေတာမှားပြီလားမသိ။
အေးဆေးနေချင်ပါတယ်ဆိုမှ ဘေးကနေတလက်စက် စကားပြောနေသည်။
စကားတအား ပေါလွန်းတယ်P။"ငြိမ်ငြိမ်လေးဘေးကနေ မနေရင် တစ်ယောက်တည်း Taxiနဲ့ပြန်တော့P"
"Ok...Ok Pငြိမ်ငြိမ်လေးနေမယ်နော်"
Singto ပါးစပ်လေးပိတ်လျက် kristဘေးကနေ လမ်းလျှောက်ပြီး hotelကိုပြန်လာခဲ့သည်။
Hotel ရောက်တော့လည်း kristက သူ့ကိုစကားမပြော အနွေးထည်ချွတ်ပြီး ရေချိိုးခန်းထဲ ဝင်သွားသည်။Singto သက်ပြင်းအသာချပြီး အိပ်ယာပေါ်လှဲလျက် မျက်နှာကြက်ကို ကြည့်ပြီး စဥ်းစားနေမိသည်။
Suchinနှင့် သူ့ကိစ္စကိုပါ kristသိသွားလျှင် သေချာပေါက်ကို သူ့အနားကနေ kristထွက်သွားတော့မှာ။
ဟင့်အင်း kristကိုသူ့အနားကနေ လုံးဝထွက်သွားခွင့် မပြုနိုင်။
၁၄နှစ်တောင် kristနှင့်ခွဲခဲ့ရပြီးပြီ ထပ်ပြီး မခွဲချင်တော့ဘူး။စောင့်နေခဲ့သည့် ၁၄နှစ်အတွင်း kristအပေါ် လွမ်းဆွတ်တမ်းတမိသည်က ညီတစ်ယောက်လိုမဟုတ်၊ မြတ်နိုးရသည့် ချစ်သူတစ်ယောက်လို။
ကိုယ့်ကိုယ်ကို မုန်းတီးခဲ့သည် kristကိုအော်ခဲ့သည့်အတွက်။
နောင်တရမိသည် မနှုတ်ဆက်လိုက်ရသည့် အတွက်။
၁၀နှစ်ကျော်ကြာအောင် ခွဲရမည်မှန်းသိရင် ထွက်မသွားဖို့အတွက် ဆွဲထားမိမှာ။
![](https://img.wattpad.com/cover/255338425-288-k355052.jpg)