ဘန်ကောက်ကို ပြန်ရောက်တော့ မိုးတော်တော်ချုပ်နေပြီ။
Pကလည်း သူ့အိမ်ကဝေးတော့ မပြန်ချင်ဘူးလို့ဆိုလျက် Kristတိုက်ခန်းကို လိုက်လာသည်။
Krist မနက်မုန့်စားပြီးသည့် အချိန်ကနေ အခုချိန်ထိ Pနှင့်စကားကောင်းကောင်း မပြောသေးပေ။
Pကစကားလာပြောပေမည့် kristကတော့ သူပြောလိုက်သည့် စကားကိုပြန်ကြားယောင်ရင်း ရှက်နေရသည်။သူကလည်း ဘာလို့များ Pကြိုက်နေသည့်လူက သူဆိုတာမပြောရုံတမဲ့ သွားပြောလိုက်မှန်းမသိ။
အဲ့လိုသွားပြောလိုက်တော့ မနေ့ညက Pနှင့် Suchin စကားပြောတာကို ခိုးနားထောင်ခဲ့တယ်ဆိုတာ Pရိပ်မိသွားလောက်သည်။ထို့ကြောင့် Pကသူနှင့် စကားပြောတိုင်း ပြုံးစိစိနှင့်ကြည့်ပြီး ပြောနေတာကြောင့် Kristစကားမပြောတော့ဘဲ ရထားပေါ်မှာ တစ်လမ်းလုံး အိပ်လိုက်လာသည်။
အဲ့ဒါကိုက သူ့၏မဟာအမှား တစ်လမ်းလုံးအိပ်လိုက်လာတော့ မျက်လုံးကပြူးကြောင်ပြီး လုံးဝမအိပ်ချင်။
တိုက်ခန်းရောက်တော့လည်း သူနှင့်P နှစ်ယောက်တည်းဆိုသည့် အသိက တစ်မျိုးကြီးခံစားရသည်။Pကသူ့ကို သဘောကျနေပေမည့် Kristကတော့ Pအပေါ် ဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာ ဝိုးတိုးဝါးတားပင်။
သူသေချာမသိ သဘောတော့ကျမိပေမည့် တစ်ဘဝလုံးစာအတွက် ဖြစ်နိုင်လားဆိုတာ ဝေခွဲမရပါ။"Kit...ကိုယ် kitအခန်းထဲအိပ်မယ်နော်"
"ဟမ်!!!"
သေချာသည် ဒီကောင်လေး သူနှင့်suchinပြောတာကို နားထောင်ခဲ့ပုံရသည်။
ထို့ကြောင့် သူနှင့်တစ်နေ့လုံး စကားကောင်းကောင်းမပြော။
ယခုလည်း Singto ဆိုဖာပေါ်မှာအိပ်ရင် ကျောနာတာကြောင့် အခန်းထဲအိပ်မယ်လို့ ပြောတာကို ဘာတွေလန့်နေမှန်းမသိ မျက်လုံးလေးပြူးပြီး ကြည့်နေသည်။Singtoလည်း စချင်တာကြောင့် kristအနားကို တစ်လှမ်းချင်းတိုးသွားသည်။
Pကမချိုမချဥ်မျက်နှာနှင့် သူ့အနားကိုတစ်လှမ်းချင်း တိုးလာတာကြောင့် kristလည်း တံတွေးမျိုချပြီး
အနောက်ကိုတဖြည်းဖြည်းဆုတ်လျက် နောက်ဆုံး ကျောနှင့်နံရံ ကပ်သွားပြီဆိုမှ သူထွက်ပြေးမည်လုပ်တော့
Pကသူ့ဘေးနှစ်ဖက်ကို လက်တစ်ဖက်စီထောက်ပြီး Kristကို အရောင်တောက်နေသလား အောက်မေ့ရသည့် မျက်ဝန်းတွေနှင့် စိုက်ကြည့်နေသည်။