"ဒီနေ့ P'chaiက krist အတွက် ဂုဏ်ပြုပွဲလုပ်ထားတယ်တဲ့"
"မသွားချင်ပါဘူး"
"ဘာလို့လဲ krist"
"မသိဘူး။"
"Kristမသွားချင်ရင် magazineအတွက်ကြိုးစားပေးခဲ့ရတဲ့ လူတွေအတွက် စဥ်းစားပေးKrist"
Krist P'janeပြောမှစဥ်းစားလိုက်သည်။
P'chaiက ဂုဏ်ပြုပွဲဆိုရှယ်ကျွေးပြီး အလုပ်တွေဘာမှမခိုင်းတာကြောင့် ဂုဏ်ပြုပွဲနေ့ဆိုရင် လူတိုင်းပျော်ကြသည်။
အားလပ်ရက်ရခဲသည့် တခြားသူတွေအတွက် စဥ်းစားပြီး Krist ခေါင်းငြိမ့်ပြလိုက်သည်။"Kristက လိမ္မာပါတယ်။ အင်္ကျီဝတ်စားလဲထား ခဏနေသွားမယ်"
"ဟုတ် P"
Krist အင်္ကျီဝတ်စားလဲပြီး P'janeနှင့်အတူ company ကိုလာခဲ့သည်။
ဂုဏ်ပြုပွဲက companyရဲ့အပေါ်ဆုံးထပ်မှာ ကျင်းပပေးသည်။"congratulation krist perawat!!!"
Krist ဂုဏ်ပြုပွဲကျင်းပပေးသည့်နေရာကိုရောက်တော့ အားလုံးက kristကိုတွေ့သည်နှင့် သံပြိုင်ဂုဏ်ပြုပေးကြသည်။
Krist အားလုံးကို ကျေးဇူးတင်စကားပြောပြီး အခုလိုကျင်းပပေးသည့်အတွက် ဦးလေးchaiကိုလည်း ကျေးဇူးတင်စကားပြောလိုက်သည်။"Krist မသောက်နဲ့နော်"
"နည်းနည်းလေးပုစိလေးပဲလေ"
"မရဘူး လုံးဝကိုမရဘူးနော် Krist"
"P'jane..."
" လုံးဝဆိုလုံးဝဘဲ"
Krist မျက်နှာလေး စူပုတ်သွားပြီး မုန့်တွေသာစားနေလိုက်သည်။
လူအရမ်းများပြီး မွန်းကြပ်တာကြောင့် လူရှင်းသည့်နေရာ ဝရန်တာကို kristတစ်ယောက်တည်းထွက်လာခဲ့သည်။
အသက်ဝဝရှုထုတ်ပြီး ဝရန်တာကနေ ဘန်ကောက်မြို့ရဲ့ မီးရောင်စုံသည့် အလှတရားကို kristကြည့်နေသည်။"လှတယ်နော်"
ဘေးနားကိုလူတစ်ယောက်ရောက်လာတာ သိပေမယ့် P'singလို့မထင်ခဲ့။
"Oh! Pပြောတော့ ချင်းမိုင်သွားမှာဆို"
"အင်း ဒီနေ့Kitရဲ့ဂုဏ်ပြုပွဲရှိတယ်ဆိုလို့ ကိုယ်မသွားတော့တာ"
"အော် အဲ့လိုလား။တကယ်တမ်း ဂုဏ်ပြုပွဲလုပ်စရာမလိုပါဘူး Pရာ"