Part 8

258 28 4
                                    

"Kit ကိုယ်ရောက်ပြီနော် အောက်မှာစောင့်နေမယ်"

"ဟုတ် P"

Krist ဖုန်းချပြီး ခရီးဆောင်အိတ်ယူလျက် မီးတွေအကုန်သေချာပိတ်လိုက်သည်။
အိမ်တံခါးကို သေချာလော့ချပြီး kristစိတ်လှုပ်ရှားလွန်းတာကြောင့် သက်ပြင်းအသာချလိုက်သည်။
တစ်ခါမှ တစ်ယောက်ထဲခရီးမသွားဘူးခဲ့။
P'singtoလည်း ပါတယ်ဆိုပေမယ့် ရင်းနှီးတာမကြာသေးတော့ ခရီးသွားရင် အဆင်ပြေပါ့မလား တွေးပူမိသည်။
နောက်ပြီး ချုပ်နှောင်မှုတွေမရှိဘဲ သွားရမည့်ခရီးမလို့ ပျော်ရွှင်မိသည်။

တိုက်ရှေ့ရောက်တော့ P'singtoက Taxiကိုမှီလျက် ရပ်စောင့်နေသည်။
ဝတ်ထားသည့် အင်္ကျီအဖြူရောင်က P'singtoနှင့် လိုက်ဖက်နေသည်ကြောင့် kristမျက်နှာလွှဲလိုက်သည်။
ဘာကြောင့် သူ့ထက်ချောနေရတာလဲ။
အင်္ကျီကြယ်သီးကလည်းဖြုတ်ထားသေးသည် သူ့ကိုယ်သူ အရမ်းတွေများချောနေတယ်ထင်လားမသိ။

"Kit အဆင်ပြေရဲ့လား"

"ပြေတယ်"

မျက်နှာလေးဆူပုတ်လျက် ဘောက်ဆက်ဆက်ပြောပြီး ကားထဲဝင်ထိုင်လိုက်သည့် kristကြောင့် singtoကြောင်အမိသွားသည်။
သူဘာအပြစ်များလုပ်မိထားပါလိမ့်။

"ကားထဲမဝင်သေးဘူးလား"

"အင်းအင်း ဝင်ထိုင်ပြီ"

Singto ကားထဲဝင်ထိုင်လိုက်ပြီး kristကိုကြည့်တော့ သူ့ဘက်ကိုကျောပေးပြီး ကားမှန်ဘက်ကို မျက်နှာလှည့်နေသည်မလို့ singtoလည်း စကားမပြောဘဲနေလိုက်သည်။
အချိန်တစ်ခုလောက်ကြာတော့ ဘူတာရုံကိုရောက်ပြီမလို့ singto ကားပေါ်ကဆင်းပြီး ခရီးဆောင်အိတ်တွေချလိုက်သည်။

"Kit ဆင်းလေ ရထားမမှီဘဲနေလိမ့်မယ်"

"အင်း"

Krist ကားပေါ်ကအရင်ဆင်းလိုက်ပြီး Pကိုမေးစရာရှိတာ အမြန်မေးလိုက်သည်။

"P လေယာဥ်နဲ့သွားမှာမဟုတ်ဘူးလား "

"မဟုတ်ဘူးလေ။ ကိုယ်Kitကို မပြောရသေးဘူးထင်တယ်။ ရထားနဲ့သွားမှာ"

"ဟင် ဟုတ်လား..."

မျက်နှာသိပ်မကောင်းတော့သည့် Kristကြောင့် singtoအားနာသွားသည်။
ပြောဖို့မေ့သွားသည့် သူ့အမှားကြောင့်သာ။
ရထားနှင့်ဆို Kristအဆင်ပြေပါ့မလားဆိုသည်ကို ထည့်မစဥ်းစားမိခဲ့။

BFWhere stories live. Discover now