Part 9

267 27 9
                                    

"P လမ်းလျှောက်ပြန်ရအောင်လား ကျွန်တော်နည်းနည်းဗိုက်အင့်နေလို့"

"ဟားဟားဟား....."

Singto အကျယ်ကြီးကိုအော်ရီလိုက်မိသည်။
တကယ်ကိုဘယ်လိုလေးမှန်းမသိ။
Maskနှင့်မျက်မှန်တပ်ထားလို့ kristမျက်နှာမမြင်ရပေမည့် ဖုံးကွယ်ထားသည့်ထိုအရာတွေနောက်က kristမျက်နှာကိုမှန်းကြည့်ယုံနှင့်တင် singtoအူယားနေမိသည်။

Singtoကြည့်ရင်းအရင်က အတိတ်တချို့ကိုသတိရမိသည်။
အစားနင်းကန်စားပြီး ဗိုက်အင့်သည့်အခါတိုင်း မျက်နှာလေးရှုံမဲ့လျက် singtoကိုသူ့နှင့်အတူတူ လမ်းလျှောက်ဖို့လာခေါ်တက်သည့် ငယ်ငယ်တုန်းကkristကို ပြန်မြင်ယောင်စေသည်။

Krist တစ်ခါမှယခုလို လွတ်လွတ်လပ်လပ်မသွားဘူးတော့ အရမ်းပျော်ပြီး စားချင်တာတွေအကုန်စားလိုက်သည်မှာ ဗိုက်အင့်သွားသည်အထိ။
ဗိုက်တင်းရင်လုံးဝမနေတက်သည့် kristက ဒီပုံစံအတိုင်းသာ ဟိုတယ်ကိုပြန်သွားပါက သေချာသည်ဒီညအိပ်ရတော့မှာမဟုတ်။
ထို့ကြောင့် P'singtoကို ဟိုတယ်လမ်းလျှောက်ပြန်ဖို့ပြောဖို့ တဟားဟားအော်ရီလျက် အကြာကြီးကြည့်နေသည်။

"P.....P ပြန်ရအောင်"

"အင်းအင်း ပြန်မယ်လေ"

Singto kristနှင့်ဟိုတယ်ကို ပြန်သည့်လမ်းတစ်လျှောက် kristရဲ့ငယ်ဘဝကိုမေးကြည့်ခဲ့သည်။
Krist​ပြောသည့် သူ့၏ငယ်ဘဝအကြောင်းကို singtoအားလုံးသိပေမည့် လိုအပ်နေသည့်နေရာတစ်နေရာတော့ ရှိခဲ့သည်။
Krist၏အတိတ်မှာ Singtoမပါခဲ့။
သူနှင့်အတူရှိခဲ့ဖူးသည့် အမှတ်တရတွေကိုပဲ သီးသန့်ဖယ်ထုတ်လိုက်သည်လား။

အတွေးနှင့်တင် ဝဲတက်လာသည့် မျက်ရည်တို့ကြောင့် ကောင်းကင်ကိုမော့ကြည့်သည်။
ကြယ်တွေကိုငေးကြည့်နေသလိုမျိုး ဟန်ဆောင်လိုက်ပေမည့် မြို့ပြရဲ့အလင်းရောင်ကြောင့် ကြယ်တွေကိုမမြင်ရ။

"P ဘာကြည့်နေတာလဲ"

"ဘာမှမကြည့်ပါဘူး။ kit ကိုယ်တို့မြန်မြန်ပြန်ရအောင်လေ။ မနက်ဖြန်မနက်စောစောထပြီး Pတို့လျှောက်သွားကြမယ်"

"ဟုတ်..."

မြို့ပြရဲ့မီးရောင်အောက်မှာ အတူယှဥ်သွားနေသည့် ကောင်လေးနှစ်ယောက်ရဲ့ နောက်ကျောပြင်ကိုက လိုက်ဖက်နေသည်။
Maskအမဲနှင့်မျက်မှန်အမဲ တပ်ထားသည့်ကောင်လေးကတော့ သူ့ဘေးနားကကောင်လေးကို အပြစ်ပေးလိုက်ရလို့ ပျော်ရွှင်နေသည်။
ဘေးနားကကောင်​လေးကတော့ ဝမ်းနည်းခြင်းတွေသယ်ဆောင်ရင်း နှေးကွေးစွာလျှောက်နေသည်။

BFWhere stories live. Discover now