Part 6

346 38 3
                                    

Krist နိုးလာတော့ နုံးချိပြီး လှုပ်တောင်မလှုပ်ချင်ပေမယ့် မထလို့မဖြစ်။
တဂွီဂွီမြည်နေသည့် ဗိုက်ကြောင့် တစ်ခုခုစားပြီးမှ ပြန်အိပ်တော့မည်။
မျက်နှာသစ်၊​သွားတိုက်ပြီးတာနှင့် အိပ်ခန်းထဲကထွက်လာခဲ့သည်။

အိမ်မှာလည်း ဘာစားစရာမှမရှိတော့ P'janeကိုဖုန်းဆက်မှာဖို့
ဖုန်းကောက်ကိုင်လိုက်တုန်းရှိသေး ဆိုဖာပေါ်ကဖုန်းသံကြားတာကြောင့် အသံမြည်နေသည့်ဖုန်းကို ကြည့်တော့ P'janeဖြစ်နေသည်။
ဖုန်းက P'singto ဖုန်းမလို့ ကိုင်ရင်ကောင်းမလား၊ မကိုင်ရင်ကောင်းမလား စဥ်းစားနေပေမယ့်
လက်ကနှိပ်မိသွားတာကြောင့် Krist ဖုန်းပြောလိုက်သည်။

"Singto မင်းကြည့်ပြီးပြီလား"

"p'jane kristပါ"

"ဘာတုန်း မင်းတို့နှစ်ယောက်က ဖုန်းလဲကိုင်ထားကြတာလား။ kristဖုန်းကိုခေါ်ရင် singtoကကိုင်၊ singtoဖုန်းကိုခေါ်ရင် kristကကိုင်နဲ့ အတော်ကိုဟုတ်နေကြတယ်။"

"မဟုတ်ပါဘူး Pကလည်း။ ဒါနဲ့Pခုနက ဘာပြောတာလဲ"

"အော်ဟုတ်သား Pကkristအိပ်နေတယ်ထင်လို့ ဖုန်းဆက်မပြောတာ။ ဒီနေ့ kristရိုက်ထားတဲ့ magazine ထွက်ပြီ အဲ့ဒါတစ်မိနစ်အတွင်း အုပ်ရေ5000တဲ့ krist။ krist...krist....."

"P တကယ်ကြီးလား တကယ်လား"

"တကယ် အခုထိလည်း ရောင်းအားကဆက်တက်နေတုန်းတဲ့"

Krist ဝမ်းသာလွန်းလို့ ဘာစကားမှမပြောနိုင်တော့ပါ။
Krist ပထမဆုံးရိုက်သည့် magazine coverက ယခုလောက်ထိရောင်းရမည်လို့ မထင်ခဲ့။
ဒီmagazine coverရိုက်ဖို့ကို Kristအရမ်းစဥ်းစားခဲ့သည်။
Magazine coverတွေကို အရင်တုန်းကလို အရင်မချပြဘဲ ထွက်လာပြီဆိုမှ
အံ့သြသွားအောင်လို့ဆိုပြီး ပုံတွေကိုလုံးဝမထုတ်ပြ။
ထို့ကြောင့်လည်း Krist ဓာတ်ပုံရိုက်တုန်းက အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးလုပ်ခဲ့သည်။

အနုပညာလောကထဲ ဝင်လာခဲ့သည်မှာ ၃နှစ်ကျော်လောက်ပဲ ရှိသေးသည့်အတွက် ယခုလိုအခြေအနေက
အောင်မြင်တယ်လို့လဲ ဆိုလို၍မရသလို၊ မအောင်မြင်ဘူးလို့လဲ ပြောလို့မရ။
၃နှစ်အတွင်း ဘယ်လောက်ထိပင်ပန်းပြီး၊ ဘယ်လောက်တောင်ခက်ခဲခဲ့ရသည့် အချိန်တွေ ဖြတ်သန်းခဲ့ရလဲဆိုသည်မှာ kristကိုယ်တိုင်သာ သိသည်။
ယခုတော့ သူ၏ကြိုးစားမှု ခြေတစ်လှမ်းက အောင်မြင်ခဲ့သည်။
နောက်ထပ်ခြေလှမ်းတွေကိုလည်း ထပ်ပြီး အောင်မြင်အောင် ကြိုးစားရမည်။

BFWhere stories live. Discover now