Part 25

214 26 2
                                    

လေ တဖြူးဖြူးတိုက်နေတာကြောင့်  အဖြူရောင် အစလေးတွေက တလွင့်လွင့်ဖြစ်နေသည်။
နှင်းဆီပန်းအဖြူရောင်၏ ရနံ့လေးတွေကလည်း လေထဲမှာ သင်းပျံ့နေသည်။
စကားပြောသံ တိုးတိုးလေးတွေကြား တခဏကြာတော့ pianoသံလေးထွက်ပေါ်လာသည်။
သံစဥ်က beautiful in white ။
တငြိမ့်ငြိမ့် ထွက်ပေါ်လာသည့် သံစဥ်တွေနောက် စကား​ပြောသံတွေလည်း မကြားရတော့။

မြက်ခင်းပေါ် လမ်းလျှောက်ရသည်က ခါတိုင်းနှင့်မတူ ဝါဂွမ်းလေးပေါ် လမ်းလျှောက်နေရသည့်အတိုင်း။
အရှေ့မှာလှမ်းမြင်နေရသည့် သူနှင့်ဆင်တူ အဖြူရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် Pက ဒီနေ့မှ ပိုပြီး ချောနေသလို။

Krist ပြုံးပြီး Pဆီကိုသွားလိုက်သည်။
Pက သူ့လက်ကမ်းပေးလာသည်ကြောင့် Krist Pလက်ကိုပြန်ဆုပ်ကိုင်ပြီး Pနှင့်အတူ ဘေးချင်းယှဥ်ရပ်လိုက်သည်။

ကတိသစ္စာအပြန်အလှန်ဆိုပြီးသည်နှင့် Pကသူ့နဖူးကို ဖွဖွလေးနမ်းလာသည်ကြောင့် Krist ပြုံးလိုက်မိသည်။
Pနမ်း​တော့ လက်ခုပ်သံတွေကလည်း ဆူညံစွာထွက်ပေါ်လာသည်။
မင်္ဂလာပွဲကို လက်ခုပ်တီးပြီး ဂုဏ်ပြုပေးသည့် လူတွေထဲမှာ သူ့ Parနှင့်Marရယ် ၊ P parနှင့်Marရယ်ပါ ပါတာ​ကြောင့် ပျော်ရွှင်မှုက အတိုင်းမသိစွာ။

"Kit.....kit"

Singto အိပ်နေတာတောင် ပြုံးနေသည့် krist၏ ပါးကိုဖွဖွလေးထိပြီး နှိုးလိုက်သည်။

"အင်းးးးး"

Krist ညောင်းနေသည်ကြောင့် အပျင်းကြောဆန့်ပြီး မျက်လုံးဖွင့်ကြည့်တော့ သူရောက်နေသည်က Taxi ကားပေါ်။
အဲ့ဒီတော့မှ ခုဏကမက်ခဲ့သည့် အိမ်မက်ကို သတိရပြီး kristပြုံးမိသွားပြန်သည်။

"Kit ဘာတွေပြုံးနေပြန်တာလဲ ခုဏကလည်း ခဏလေး အိပ်ပျော်သွားတာကို ပြုံးနေတာ "

"ဘာမှမဟုတ်ဘူး အိမ်မက်ကောင်းလို့"

"ပြောပါအုန်း အိမ်မက်ထဲ ဘယ်သူ့ကို ထည့်မက်နေလို့ ပြုံးနေရတာလဲ"

"တိုက်ခန်းကိုရောက်မှ ပြောပြမယ်"

"ကောင်းပါပြီ"

ခဏလောက်ကြာတော့ kristနေသည့်တိုက်ရှေ့ကို ရောက်ပြီဖြစ်တာမလို့ ကားပေါ်ကဆင်းပြီး အိတ်တွေချကာ တိုက်ထဲကိုဝင်လာခဲ့သည်။
Kristက Pလက်ကို ဆုပ်ကိုင်ပြီး သူ့တိုက်ခန်းရှိရာကို လာခဲ့သည်။
Pနှင့် အိမ်မက်ထဲကလို လက်ထပ်လို့ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။

BFWhere stories live. Discover now