Part 23❤

23.7K 657 37
                                    

ရေစက်ရှိမှတွေ့ကြုံချစ်ခွင့်ရတဲ့ဘဝမို့
ဒီဘဝမှာတော့မင်းကို
အမြတ်နိုးဆုံးချစ်ခွင့်ပေးပါ🍃🍂

🍂Nyein🍂

မြင့်မားပြီးအောင်မြင်တဲ့ ကုမ္မဏီ ပိုင်ရှင်..ချမ်း
သာပြီးအရှိန်အဝါကြီးတဲ့လူတစ်ယောက်..
အရာအားလုံးပိုင်ဆိုင်ရမယ်လို့ထင်ထားတဲ့
လူတစ်ယောက်...

တစ်စုံတစ်ယောက်ရဲ့လက်အောက်မှာအမြဲ
ကျရှုံးနေရပေမဲ့....ထိုသူထက်မလျော့သော
အောင်မြင်မူတွေကတော့....လိုက်ဖက်စွာကပ်
ပါလာပြီးသားပင်...။

သို့ပေမဲ့.......တယောက်သောသူရဲ့ခြေရင်းတွင်
တော့သူဟာလုံးဝခစားနေရတဲ့သူပေါ့...

ဇိမ်ခံအိမ်ကြီးရဲ့ဝရံတာပြတင်းဝကနေ....
ဟိုးးးအပြင်ဘက်ကမီးရောင်စုံတောက်ပနေတဲ့.....မြို့ပြကြီးဆီငေးကြည့်ရင်း....တောက်ပ
တဲ့မျက်ဝန်းတွေ၌...ယောကျ်ားတစ်ယောက်ရဲ့သိမ့်သည်းစွာဖြင့်..တည်ရှိနေသည့်မျက်ဝန်း
ထဲကဝဲခိုနေကြသည့်မျက်ရည်တွေ...။

ဘာလို့လဲ...ငြိမ်း.....ငြိမ်းလေး.....

မေးလိုက်ချင်မိသည်...သူလေးကို....ဘာလို့
ကိုယ့်ကိုမချစ်နိင်တာလဲ....ကိုယ့်ရင်ခွင်ထဲမ
အိပ်စက်နိင်တာလဲ....ငြင်းမရအောင်သိပ်ချစ်
တတ်တဲ့သူကိုမှ...သွေးအေးစွာရက်စက်လွန်း
သည့်...သူလေး...။

အခုဆို.....နက္ခတ်ရဲ့ရင်ခွင်ထဲ...သူအမက်မော
ဆုံးအပြုံးလေးတွေနဲ့ရယ်မောနေပြီလား....
သူပွေ့ဖက်ချင်တဲ့....သေးသွယ်တဲ့ကိုယ်လုံး
လေးကကော...နက္ခတ်ရဲ့ပွေ့ဖက်မူကြား...
အကမယ်လေးလိုရစ်တွယ်နေပြီလေလား...။

အိုကွာ......စိတ်ထဲကအတွေးတွေကသိပ်ကို
မောင်းထုတ်ရခက်လွန်းတယ်ငြိမ်းလေးရယ်..

"Boss....ကျွန်တော်ကိုစုံစမ်းခိုင်းတာတွေသိ
လာရပါပြီ....ထပ်ပြီးသာစုံစမ်းလိုက်မယ်ဆို
Bossဖြစ်ချင်တဲ့အတိုင်းဖြစ်လာတော့မှာပါ.."

အနောက်က....ကျော်ထက်ရဲ့စကားဆိုလိုက်
သံကြောင့်....လျှမ်းပိုင်မိုးရဲ့အတွေးတွေလွင့်
ပြယ်သွားလေသည်...။

အနောက်ကိုလှည့်လိုက်ပြီးနောက်.....

"ကောင်းတယ်...ငါစုံစမ်းခိုင်းတာတွေအကုန်
စုံစမ်းထား...အခွင့်အခါကောင်းကြုံတာနဲ့...
ကောင်းကောင်းအသုံးချရတာပေါ့....နက္ခတ်..
နက္ခတ်...မင်းငါ့ရဲ့အသည်းနှလုံးကိုအခုချိန်မှာ
ပိုင်ဆိုင်ထားပေမဲ့....သိပ်မကြာခင်ငြိမ်းလေး
ငါ့ဆီသူ့ဘာသာရောက်လာမှာပါ..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now