Part..28

9.6K 462 9
                                    

အချစ်ဆိုတာကို
ဘယ်လိုချစ်ရမလဲဆိုတာဦးသိလား
ကျွန်တော်ကတော့အနမ်းတွေ
ချိုမိန်သောအထိအတွေ့တွေနဲ့
သာယာတဲ့အပြုံးတွေနဲ့အတူ
ဦးကိုဘယ်လောက်ချစ်ကြောင်း
ဦးသိအောင်သင်ပေးချင်မိတယ်

☔Nyein☔💦

"အဟမ်း...မကြာမကြာတွေ့ကြတယ်နော်..
ကြည့်ရတာငါတို့ကရေစက်ရှိတယ်ထင်တယ်..
မင်းကောဘယ်လိုထင်မိလဲ..."

Bossတို့စုံတွဲကိုစောင့်နေရင်း...ညစာစားပွဲရဲ့
ထောင့်ကျကျလေးမှာလူအများနဲ့သွေဖယ်၍
ပွဲလာသူများအားဟိုကြည့်ဒီကြည့်...ကြည့်နေခြင်း....။

အသံကြားရာဘက်ကြည့်မိတော့...Bossရဲ့ပြိုင်
ဘက်ရန်သူဖြစ်တဲ့လျှမ်းပိုင်မိုးရဲ့လူယုံတော်တပည့်....

"မင်းငါ့ကိုပြောနေတာလား..."

ဘေးဘီဝဲရာကိုဟိုကြည့်ဒီကြည့်လုပ်ရင်းမေးလိုက်လေသည်...။

"မင်းကိုမပြောလို့ဘယ်သူကိုပြောရမှာလဲ..မင်းကို
ဟောဒီငါ့မျက်လုံးတွေနဲ့တည့်တည့်စိုက်ကြည့်ပြီး
ပြောနေတာလေ.."

"သြော်..ဟုတ်လား...မသိပါဘူးကြောင်တောင်
ကန်းထင်လို့...ငါတို့ကလည်းတွေ့ပြီးတကူးတက
ပြောစရာဘာအကြောင်းမှမရှိလို့လေ.

."

သူ့ကိုတွေ့တွေ့ချင်းဖဲ့လိုက်သောကြောင့်ခုနစား
ထားသည့်အစာများနင့်တောင်သွားပြီလားထင်ရ
လေသည်....။

"ခုနကဘာ...သြော်ရေစက်ရှိတယ်မထင်မိဘူးလားဟုတ်လား...."

"အင်းဟုတ်တယ်.."

ကျော်ထက်တစ်ယောက်အောင့်သက်သက်နှင့်
ထောက်ခံလိုက်လေသည်..။

"မထင်မိပါဘူး...ရေစက်ဆိုတာအမှတ်မထင်တွေ့
ဆုံမူကိုသတ်မှတ်ကြတာ...ငါတို့ကအမှတ်မထင်
ဆုံကြတာလည်းမဟုတ်...ဒီပွဲကိုမင်းBossကော
ငါ့Bossကောလာကြမယ်ဆိုတာသိနေသားဘဲလေ
အာ့ဒါရေစက်လို့ခေါ်ရမယ်တဲ့လား..."

"ဒါပေမဲ့မင်းနာမည်ကောငါနာမည်ကောမှာထက်
ဆိုတဲ့နာမည်ကတူနေတယ်လေ..ဒါကနှစ်ယောက်
သားထပ်တူညီမယ်လို့လည်းပြောနိင်တာဘဲမလား...မထင်ရဘူး..ငါတို့နာမည်တွေတူနေမယ်
လို့..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now