Part...39

9.3K 443 5
                                    

မင်းမြတ်နက္ခတ်ရဲ့အိမ်ရှေ့သို့မယောင်မလည်လေးနဲ့ရစ်သီရစ်သီတစ်ဝဲဝဲလုပ်နေတဲ့..ကျော်
ထက်...။

အလှလေးကအဲ့နေ့တည်းကသူ့ကိုအဆက်အသွယ်လည်းမလုပ်သလို...သူဖုန်းဆက်ရင်လည်းမကိုင်..လူချင်းတွေ့ရအောင်ကြိုးစားလျှင်
လည်းအတွေ့မခံချေ...ရှောင်ဖယ်ပြီးနေနေသောကြောင့်...အခုလိုအိမ်ရှေ့မှာချောင်းနေရခြင်းဖြစ်လေသည်...။

ပိုဆိုးတာကအဲ့နေ့မနက်သူကိုဆဲဆိုပြီးရိုက်နှက်ပြီးထင်ထားပေမဲ့အလှလေးကတစ်ခွန်းမှပြောမသွား...နှုတ်ဆိတ်လျက်သားဖြင့်ထွက်
သွားလေသည်....သူကိုဆဲဆိုရင်တောင်ခပ်ကောင်းကောင်း...အခုလိုကြီးနေတာကကျော်ထက်အတွက်မီးခဲပူကိုထိုင်မိသလိုပင်....။

"ကိုကြီးရှိုင်းထက်...အိမ်ရှေ့မှာပြသနာတွေတတ်နေတယ်သိလား..."

မိနွယ်ရဲ့အမောတကောပြေးလာပြီးသတင်းပို့တာကြောင့်....ရှိုင်းထက်အပူတပြင်းဖြစ်သွားလေသည်...။

"ဘာ..ဘယ်ကကောင်လဲ...Bossရဲ့အိမ်ရှေ့ထိပြသနာလာရှာရဲတာ...အသက်မရှင်ချင်တော့ဘူးထင်တယ်....တောက်.."

ပြသနာရှာရဲတဲ့ကောင်ကို...အရေခွံဆုပ်ပစ်မည်ဟုကြိမ်းဝါးပြီးခြံရှေ့သို့ထွက်လာလိုက်လေသည်...ခြံရှေ့မှာတော့လက်အောက်ငယ်သားတပည့်တွေနှင့်ထိုလူကစကားများအချေအတင်ဖြစ်နေလေသည်...။

"ဟျောင့်တွေ...ဘယ်ကခွေးကောင်အိမ်ရှေ့ထိ
လာဟောင်ရဲတာလဲ...အဲ့ကောင်ကိုဖမ်းထား.."

"ဒီကောင်ပါဆရာ...Bossရဲ့အိမ်ရှေ့မှာကုတ်ချောင်းချောင်းနဲ့လုပ်နေလို့လက်စွမ်းပြထားတယ်..."

"ဟင်...ခင်ဗျား...ခင်ဗျားဒီကိုဘာလာလုပ်တာလဲ...ပြန်တော့...ဟျောင့်တွေလွှတ်ပေးလိုက်..
ဒီကောင်ကြည့်ရတာပျော့တီးပျော့ဖက်နဲ့မင်းတို့ထိုးစရာတောင်မလိုဘူး...လွှတ်ပေးလိုက်.."

"ဗျာဆရာ...ဒီကောင်ကိုစစ်မေးရမယ်မလား..
ဘာတွေခိုးကြောင်ခိုးဝှက်လုပ်မို့လဲဆိုတာ.."

"မင်းတို့ငါပြောတာမကြားဘူးလား...ဒီလိုကောင်ကိုငါအချိန်ကုန်ခံပြီးမမေးချင်ဘူး..ပြန်လွှတ်လိုက်...အဟက်မလောက်လေးမလောက်စားလေးပါ.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now