Part ( 13 )

13K 778 15
                                    

တိတ်တိတ်လေးဖုံးကွယ်ထားတဲ့အချစ်တွေ
ခင်ဗျားမြင်မိလားရင်ထဲထိစူးစိုက်ကြည့်
မမေးဘဲနဲ့ရတဲ့ဂရုစိုက်မူတွေပေါ့...

😍Nyein😍

ရင်ထဲကတ်ိုးတိုးလေးနဲ့ပြောချင်နေပြီ...သူ့ကို
ချစ်မိနေတဲ့အကြောင်းတွေ....အာရုံစိုက်မိနေ
တဲ့အကြောင်းတွေ...အလေးထားနေမိတဲ့အ
ကြောင်းတွေ....ဂရုစိုက်ချင်မိတဲ့အကြောင်း
တွေ.....ကုန်ကုန်ပြောရရင်ပွေ့ဖက်ထားချင်ပြီး
အနားမှာအမြဲနေခွင့်ပေးရန်တောင်းဆိုချင်မိ
တဲ့အကြောင်းတွေ....။

ကိုယ့်အတွက်ဘာမှပြန်မရရင်တောင်...ချစ်ရ
သူ...ကြင်နာရသူကိုကာကွယ်ပေးချင်မိတယ်..
နှောက်ယှက်တဲ့သူတွေ...အာရုံနောက်အောင်
လုပ်တဲ့သူတွေ...ထိခိုက်နာကျင်အောင်လုပ်တဲ့.သူတွေ...ဒါကိုအချစ်လို့အမည်တပ်လို့ရလား

မချစ်တဲ့သူဆီမှာ...အားနာတဲ့စိတ်..သနားတဲ့
စိတ်တွေနဲ့ချုပ်နှောင်သလို...မြိုသိပ်ခဲ့ရတာ
တွေကအရမ်းပင်ပန်းလွန်းတယ်...ခင်ဗျားတို့
သိလား...သက်ပြင်းတစ်ချက်အချမှာမနှစ်မြို
ခြင်းတွေနဲ့အရောင်စွန်းထင်းနေတယ်...။

သေချာပြီ....ကျွန်တော်ချစ်မိတဲ့ပန်းလေးကို
အထိခိုက်မခံအောင်ကာကွယ်ပေးချင်တယ်..

"ကိုကို....အခုလိုညဘက်..ကိုကိုနဲ့အတူကား
မောင်းပြီးမလည်ရတာကြာပြီနော်...သာယာ
လိုက်တာ.."

"ဟုတ်မယ်ထင်တယ်.."

ငြိမ်းလေးချက်တဲ့...ဟင်းတွေရဲ့အကျိုးပေးမူ
ကြောင့် အခုလိုအပြင်မှာထွက်စားရန်ဆုံးဖြတ်
ခဲ့ပေမဲ့...စိတ်ထဲတောင်ဘဝင်မကျ..။

ဘယ်အရာကိုဘဝင်မကျလည်းဟုမေးခွန်း
ထုတ်လျှင်မပြောပြတတ်...အခုလိုလင်းရံခနဲ့
ရှိနေခြင်းကိုလား...ငြိမ်းဖွဲဝန်း ကိုဆူငေါက်ပြီး
ထားခဲ့တဲ့အတွက်လား..။

"ကြည့်ရတာကိုကိုက...ဗိုက်အရမ်းဆာနေပြီ
ထင်တယ်...အင်းပေါ့လေ...ငြိမ်းဖွဲ့ဝန်းသာ
လက်ကြောမတင်းဘဲအလုပ်လုပ်လို့အခုလို
တွေဖြစ်ပြီး...ကိုကိုဒေါသထွက်ရတာ..တော်
သေးတာပေါ့...ကလေးနဲ့အတူအပြင်ကိုထမင်းထွက်စားလို့...မဟုတ်ရင်ကိုကိုထမင်းငတ်
ဦးမယ်..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now