ကျွန်တော်မှ...အရင်ကမချစ်ခဲ့ဖူးတာဦးရယ်
ငါ့မှာချစ်သူရှိပြီးသား..
သူ့အပေါ်သစ္စာမဲ့ရာကျနေပြီလား...ငြိမ်း😍Nyein😘
ကျွန်တော်ရှိရာအရပ်မှာ...နေထွက်လို့မရဘူး
လား....နေမင်းကြီးထွက်လာချိန်မှာ...ကျွန်တော်ကို...အရင်ဆုံးအလင်းရောင်ပေးတာကို
လိုချင်မိတယ်...အမှန်ပြောရရင်...ကျွန်တော်
အဆင်မပြေဘူး...။တငြိမ့်ငြိမ့်နဲ့ မောင်းနှင်လာတဲ့ အနက်ရောင်
အကောင်းစား...ကားလေးတွေက ရန်ကုန်မြို့
အဝင်ကို အေးဆေးစွာနဲ့ ဖြတ်သန်းလာလေ
သည်...။ ရန်ကုန်မြို့ကို ပြန်ခြေချလိုက်သည်
နှင့် ငြိမ်းရင်ထဲ မကြာသေးမှီက ဖြစ်ခဲ့တဲ့အ
ဖြစ်တွေက ရုပ်ရှင်အနှေးပြကွက်လို မြင်ယောင်ခံစားလာရသည်..။ထိုအဖြစ်အပျက်တွေနှင့် ဝေးချင်လို့ ဒီအရပ်
မြေက ထွက်ပြေးခဲ့ပေမဲ့ ယခုလိုပြန်လည်ခြေ
ချရလိမ့်မည်ဟု မတွေးထား..။ဖေဖေနဲ့ မမသိမ့်တို့သိရင် ငြိမ်းကိုအိမ်သို့ချက်
ချင်းပင် ပြန်ခေါ်နိင်လေသည်..။ ဖေဖေနှင့်မမ
သိမ့်ကို ကတိတွေအထပ်ထပ်ပေး ဒီအရပ်မြေ
မှာမနေချင်ဟု ငြင်းပြပြီးထွက်လာခဲ့ရတာမ
လား...။ ငြိမ်းကိုနားလည်ပေးခဲ့သည့် မမသိမ့်
နဲ့ဖေဖေကို ကျေးဇူးအရမ်းတင်ပေမဲ့ ပြန်ရောက်နေသည်ဟု ကြားသိရပါက ချက်
ချင်းတောင်ရောက်လာနိင်သည်..။လျှမ်းပိုင်မိုး အန္တရာယ်ကလည်းရှိသေးသလို
ငြိမ်းကိုတွေ့သည်နှင့် လိုက်နှောက်ယှက်နိင်
သည်..။ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ကို
လည်း သတိရသလို ကျောင်းကိုပြန်တတ်ချင်
ပေမဲ့ အခုလိုဖြစ်သွားတော့ ပြန်တတ်ဖို့မလွယ်
ကူ...။ဒါပေမဲ့...ငြိမ်းချစ်ရတဲ့ ဦးဘေးနားရှိနေရမည်
ဆိုတော့စိတ်ကလေးက ငြိမ်းကိုပျော်ရွှင်စေ
သည်...။ ဦးဘေးနားဘာဖြစ်ဖြစ်...ငြိမ်းကပ်
တွယ်နေပါရစေနော်..။ရန်ကုန်မြို့လယ်က ခြံဝန်းကြီးထဲသို့ အနက်
ရောင်ကားများ ဝင်ရောက်လာသည်နှင့် အိမ်
ထဲက အစေခံများနှင့် နက္ခတ်ရဲ့ တပည့်များ
က ရောက်ရာနေရာက အပြေးအလွှား နက္ခတ်
ရဲ့ ရှေ့သို့ ခေါင်းကိုငုံ၍ အရိုအသေပေးကြ
လေသည်...။
![](https://img.wattpad.com/cover/231532105-288-k646029.jpg)
VOUS LISEZ
NYEIN. ( ငြိမ်း )[ Complete ]
Actionနှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စူးစ်ိုက်ကြည့်.. နာမည်လေးတောင်အမာရွတ်စွဲနေပြီ ငြိမ်း.....ငြိမ်းတဲ့ ( Collage life Bl.Drama_Romance) ႏ...