Part.....35

8.9K 428 11
                                    

အချစ်မက်တဲ့သူထက်
အချစ်ငတ်တဲ့သူကိုဘဲ
ကျွန်တော်အလိုရှိတယ်...

💦Nyein💦

မနက်ခင်းလေးတင်အားလုံးအဆင်ပြေနေရဲ့သားနဲ့...ညနေအိမ်ပြန်လာမှ...ပြသနာတစ်ခုကဆီးကြိုနေလေသည်...။

ဟန်နီခင်ကတော့မျက်ရည်များဝဲလျက်သနားကမားပုံစံလေးလုပ်နေလေသည်...သို့ပေမဲ့ငြိမ်းလေးကတော့....။

"ဟန်နီကဒီအိမ်မှာ...မမမျက်နှာနဲ့ကိုမင်းတို့ကြောင့်ခနနေနေတာကို...မမမရှိတော့ဘူးဆိုပြီးဟန်နီကိုဒီလိုဆက်ဆံဖို့တော့မကောင်းပါဘူး...ဟန်နီဘာများအမှားလုပ်မိလို့လဲ..သူများအိမ်မှာနေရတယ်ဆိုပြီးအနိင်ကျင့်တာတော့မကောင်းပါဘူး..."

"မင်းကိုဘယ်သူကအနိင်ကျင့်လို့လဲ...ဒီအိမ်မှာမင်းကိုအနိင်ကျင့်တဲ့သူကရှိသေးလို့လား..."

"ရှိတာပေါ့ကိုမင်းရယ်...ဟန်နီဒီမှာနေတာကို
မလိုလားတဲ့သူရှိတယ်လေ...ဟန်နီအရမ်းအားငယ်ရတယ်....ဟင့်..."

မျက်ရည်ခံထိုးပြီး...တရှုတ်ရှုတ်ငိုနေတဲ့အဲ့ဒီမသာမကြီးကိုကြည့်ပြီး...ငြိမ်းကတော့ရယ်ချင်သည့်စိတ်ကထိန်းမရ...။

"ဦး...သူကိုဘယ်သူအနိင်ကျင့်လို့ငိုနေတာလဲ
ငြိမ်းလည်းမသိတော့ဘူး...မမဒီမှာနေရတာအဆင်မပြေလို့လား..."

"နင်အခုမှသူတော်ကောင်းမလုပ်နေနဲ့...နင်ငါ့ကိုငပိရည်တွေနဲ့လောင်းပြီးအနိင်ကျင့်တာလေ...အခုမှမုန်လာဥလုပ်မနေနဲ့...ဟင့်ကိုမင်း
ဟန်နီကိုကယ်ပါဦး...ကိုမင်းမရှိတာနဲ့ဟန်နီကိုအနိင်ကျင့်တော့တာဘဲ...အဟင့်..."

"ငြိမ်းလေး...သူပြောတာဟုတ်လား...သူကိုငြိမ်းလေးကအနိင်ကျင့်တယ်ဆိုတာတကယ်လား.."

"ဟုတ်တယ်ဘာဖြစ်လဲ...သူအရင်ငြိမ်းတို့ထမင်းစားနေတာကို...ကြက်စာဆိုပြီးပြောလို့ငြိမ်းလုပ်လိုက်တာ...သူများထမင်းစားကိုကောင်းကောင်းမစားရဘူး...အီးဟီးးးး..."

"ဟာငြိမ်းလေးရယ်...မငိုပါနဲ့....မိန်းမလေးရယ်..."

"ငိုမှာဘဲ...ငြိမ်းကလေ..အဟင့်...ဦးရဲ့လုပ်စာစားနေရတာဆိုပြီးငြိမ်းကိုနှိမ့်ချင်ကြတယ်..
ငြိမ်းစားသောက်တာကိုမကြိုက်ရင်မစားတော့ပါဘူး...အငတ်ဘဲခံလိုက်တော့မယ်.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now