Part...32

8K 420 23
                                    

တခါတလေကျရင်သူကိုယ့်အပေါ်
စိမ်းကားနေတာသိရက်နဲ့တောင်
မမြင်ချင်ယောင်ဆောင်လိုက်တယ်
တုံးအတဲ့သူလို့ပြောချင်လား
အဲ့လောက်ချစ်တာလားလိူ့ပြောချင်လား
ကျွန်တော်သိတာတခုကတော့
ဖြစ်တည်နေပြီးတဲ့Rsတစ်ခုကို
မပျက်စီးအောင်ထိန်းသိမ်းဖို့ပါဘဲ
ရေစက်ရှိသလောက်ခရီးဆက်ရုံဘဲပေါ့...

💦Nyein💦

မနက်အိပ်ရာထတာနဲ့တွေ့ကြုံလိုက်ရတာတစ်
ခုကတစ်ကိုယ်လုံးကိုင်ပေါက်ထားသလိုညောင်းကိုင်နေမူကြီး...ညကဦးဘယ်လောက်တောင်သူ့အပေါ်ကြမ်းထားလဲဆိုတာအသိသာကြီး
ဦးလို့သူခေါ်နေပေမဲ့...တကယ်တော့ဦးကအသက်အရမ်းကြီးနေတာမဟုတ်အခုမှ30နားကပ်ရုံလေးပေမဲ့ဦးကချောမောပြီးခန့်ညားတဲ့
လူချောကြီးပေါ့...

ငြိမ်းလူမို့လ်ို့ပြောတာမဟုတ်..ဦးကအရမ်းချောတာပါဆို...။

"ကျွတ်ကျွတ်...ညောင်းကိုက်နေတာပဲ...ညက
သေတော့မလားတောင်ထင်ရတယ်..တော်တော်စားနိင်တဲ့လူကြီး...."

တစ်ကိုယ်တည်းငြီးထွားရင်းဘေးကိုကြည့်
လိုက်တော့ဦးကရှိမနေ...ဘယ်များသွားလဲဟု
မျက်လုံးဝှေ့ကြည့်နေရင်း...ရေချိုးခန်းထဲက
ရေသံတွေကြားလိုက်ရလေသည်...ဦးအလုပ်
သွားဖို့ရေချိုးနေတာဖြစ်လေမည်...။

"ဦး....ဦးရေချိုးနေတာလား...ငြိမ်းဦးဝတ်ဖို့
အဝတ်အစားတွေထုတ်ထားပေးမယ်နော်...
မြန်မြန်ချိုးဦးအအေးပက်နေမယ်..ကြားလား
လို့..."

အိပ်ရာပေါ်ကမနည်းအားယူထရင်းဦးအလုပ်
သွားရင်ဝတ်ဖို့အဝတ်အစားများကိုအဆင့်သင့်ဝတ်ဖို့ထုတ်ထားပေးရင်း...ပါးစပ်ကလည်း
ပွစီပွစီနှင့်ကလေးကြီးကိုဆူရသေးသည်...။

"ကြားတယ်ငြိမ်းလေး...ဦးအမြန်ချိုးမယ်နော်
မိန်းမ..."

မိန်းမလို့ခေါ်ခံလိုက်ရသောကြောင့်အကဲပိုရန်
ကောဆိုသည့်အပြုအမူလေးဖြင့်အခန်းထဲက
ထွက်၍ထမင်းစားခန်းထဲဝင်လာလိုက်လေသည်...။

ဦးအတွက်မနက်စာပြင်ဆင်ပေးဖို့ပေါ့ညကဦး
ကိုအဝကျွေးနေရသည်နှင့်ကိုယ်လက်တွေကိုက်ခဲတာကြောင့်ဒီမနက်တော့အစောကြီးမထနိင်ချေ...အရင်နေ့တွေကထက်နောက်ကျရလေပြီလေ...။

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now