Part ( 15 )

14.1K 811 13
                                    

မြတ်နိုးတဲ့အရာတစ်ခုကို
ပိုင်ဆိုင်လိုစိတ်ဖြစ်မိတာမှားသလား
ပိုင်ဆိုင်ချင်တဲ့အရာဆီကိုတော့
ဖြည်းဖြည်းချင်းချဥ်းကပ်ခွင့်ပြုပါ

😍Nyein😘

အိမ်အပေါ်ထပ်ကနေ..အိမ်အောက်ထပ်ဆီသို့
ဆင်းလာတဲ့လှေကားတစ်လျှောက်မှာတော​့
တစ်လှမ်းချင်းဆင်းလာတဲ့သူထက်အောက်ဆုံးလှေကားခြေရင်းကဆီးကြိုနေရတဲ့လူသားကတော့မျက်စီပင်မခွာနိင်အောင်ပင်...

ခမ်းနားလှတဲ့အိမ်ကြီးနဲ့ချမ်းသာလွန်းတဲ့ဂုဏ်
အရှိန်အဝါ...များပြားလှတဲ့တပည့်တွေနဲ့အိမ်
စေတွေဝန်းရံလျက်လိုက်ဖက်အောင်ချောမော
လွန်းတဲ့ မင်းမြတ်နက္ခတ် ဆိုတဲ့ဦးတစ်ယောက်ကတော့ငြိမ်းရဲ့မျက်ဝန်း
ထဲတော့ကြည့်မဝတဲ့..လူသားကြီးပါဘဲ...။

"ဘာတွေအဲ့လောက်ကြည့်နေတာလဲ....ငါ့ကို
မမြင်ဖူးလို့လား..."

"မဟုတ်ပါဘူး..ဦးကအရမ်းခန့်ပြီးအရမ်းချော
လို့ငြိမ်းကငေးမိရုံလေးပါ..ဒါကလည်းဦးအ
တွက်ဂုဏ်ယူစရာတစ်ခုပါဘဲ..."

"ငါခန့်တယ်..ချောတယ်ကတော့ငါလက်ခံပါ
တယ်...ငါကလည်းပြည့်စုံနေတယ်လူဆိုတော့
လည်း...ဒါပေမဲ့ဘာလို့ငါကဂုဏ်ယူရမှာလည်း"

"ဦးရယ်..ဦးကငြိမ်းရဲ့အလုပ်ရှင်...ငြိမ်းကဦး
ရဲ့အလုပ်သမားဟုတိတယ်မလား.."

"စကားကိုတတ်တိုင်းဝှေ့မနေနဲ့..အမြန်ပြောငါ
အချိန်မရှိဘူး...ကုမ္မဏီ သွားစရာရှိတယ်..
ချိန်းထားတာတွေရှိတယ်..."

"မလောပါနဲ့...အလုပ်တစ်ခုကိုလောလောနဲ့
လုပ်ရင်ကြိုးစားသလိုဖြစ်မလာဘူး...အမှား
တွေပါပြီးစိတ်ရှုပ်ရတတ်တယ်....ငြိမ်းကအ
လုပ်သမားပေမဲ့ဖားယားတတ်တဲ့သူမဟုတ်ပါ
ဘူး...အခုကလည်းဦးကအရမ်းခန့်ပြီးချောနေ
တော့ငေးကြည့်နေရတဲ့အဖြစ်က...ဦးအနေနဲ့
ဂုဏ်ယူရမှာမဟုတ်လား...."

ငြိမ်းရွေးပေးထားတဲ့အကျီအဝတ်အစားတွေ
နဲ့ကြည့်ကောင်းပြီးခန့်ညားတဲ့ဦးက..အခုလို
လေးပြောလိုက်တာနဲ့တင်ကျေနပ်နေတဲ့အပြုံးလေးတွေပြုံးလို့ပင်...။

"ဒါနဲ့...မင်းညကသီချင်းဆိုတာမဆိုးဘူး..မင်း
သီချင်းသံကြောင့်ငါကောင်းကောင်းအိပ်ပျော်
ခဲ့တယ်...မင်းကိုကျေးဇူးတင်ရမယ်.."

NYEIN.   (  ငြိမ်း  )[ Complete ]Donde viven las historias. Descúbrelo ahora