Part...41

11.3K 451 1
                                    

ဒီနေ့ကငြိမ်းလေးနဲ့နက္ခတ်ရဲ့မဂ်လာပွဲလေးမို့ဖိတ်ထားတဲ့သူများနဲ့စည်ကားနေလေသည်...။

အဖြူရောင်လွင့်လွင့်အကျီနဲ့ဘောင်းဘီဝမ်းဆက်ကို....ချစ်စဖွယ်ဝတ်ဆင်ထားတဲ့ငြိမ်းလေးကအရမ်းကိုလှပလွန်းတဲ့ပန်းလေးတစ်ပွင့်လိုပင်...မမသိမ့်ကတော့ဒီတခါကျမှ..ငြိမ်းလေးရဲ့ပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်လာတာမို့ဝမ်းသာဝမ်းနည်းမျက်ရည်တွေနဲ့ပေါ့...။

"ငြိမ်းလေးကအရမ်းလှတာဘဲကွယ်...ငြိမ်းရဲ့ဦးသာတွေ့ရင်တော့ဘယ်လောက်ချစ်နေလိုက်မလဲ....."

"မမသိမ့်ကတော့မြှောက်နေပါပြီ...ကြည့်ကောင်းတယ်ဆိုရင်ဘဲ...ငြိမ်းကပျော်နေပါပြီ...ငြိမ်းလေရင်အရမ်းခုန်နေတာဘဲ.."

"ဟုတ်ပါ့ကွယ်...လက်တွေတောင်အေးစက်လို့...တကယ်ချစ်တဲ့သူနဲ့လက်ထပ်ရမှာမို့စိတ်လှုပ်ရှားနေတာ....အပေါ့အပါးလေးသွားမလား..."

"ဟုတ်...ငြိမ်းသွားလိုက်ဦးမယ်...စိတ်လှုပ်ရှားနေတော့...ရှင်းထုတ်လိုက်မယ်..ဟိဟိ..."

မမသိမ့်ကတော့ငြိမ်းလေးရဲ့ကပိုကယိုနိင်တာလေးကိုကြည့်ရင်းပြုံးတလင့်လင့်....။

ချစ်တဲ့သူနဲ့တရားဝင်အတူနေရမှာမို့စိတ်လှုပ်ရှားနေတယ်ထင့်ပါ့...ဟူးးးငါလည်းဘယ်တော့များမှအပျိုကြီးဘဝကကျွတ်မှာလဲ...

နာရီဝက်မကကြာနေသော်ငြိမ်းလေးကြောင့်
စိတ်ထဲစနိုးစနောက်ဖြစ်လာလေသည်...မကြာခင်ဘဲမဂ်လာပွဲကစတော့မယ်မလား...ငြိမ်းလေးဘာလို့ကြာနေတာပါလိမ့်ဟု...ယောကျ်ားလေးအိမ်သာသို့ရှက်ရှက်နှင့်ဝင်ကြည့်ရလေသည်...တော်သေးတာကမဂ်လာပွဲမှာဘဲလူတွေရောက်နေကြတာမို့အိမ်သာခန်းကရှင်းလင်းနေလေသည်...။

သိမ့်အနေနဲ့စိုးရိမ်သွားတာကြောင့်တခုခုဖြစ်ပြီဆိုတာသိလိုက်သည်နှင့်ငြိမ်းလေးဖုန်းကိုဆက်ကြည့်တော့လည်းစက်ပိတ်ထားတာကြောင်​့
နက္ခတ်ကိုပင်အမြန်ပြေးသွားပြောရလေသည်...။

"နက္ခတ်...ငြိမ်းလေးကိုရှာပေးပါဦး...ငြိမ်းလေးဘယ်ရောက်နေမှန်းမသိတော့ဘူး..ဘယ်မှာမှမတွေ့ဘူး..ဒီကိုရောက်နှင့်နေပြီလား.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now