Part...26

9.8K 509 3
                                    

မုန်တိုင်းတွေရဲ့အနားသတ်မှာ
လေပြေလေညင်းတွေရှိတယ်
လေနီကြမ်းတွေရဲ့ရိုက်ခတ်မူကိုတော့
အချစ်တွေနဲ့ကြံကြံခံဖို့တော့လိုလိမ့်မည်..

☔Nyein☔💦

ညနေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ညစာစား
ပွဲရှိတာကြောင့်...နက္ခတစ်ယောက်သပ်ရပ်ခန့်
ညားနေဖို့လိုအပ်တဲ့အတွက်ပြင်ဆင်နေလေ
သည်....။မင်းမြတ်နက္ခတ်ဆိုသည့်နာမည်ကို
စီးပွားရေးလောကမှာမသိတဲ့သူကခပ်ရှားရှား
ရှယ်ယာရှင်စီးပွားရေးသမားများရဲ့ပါးစပ်ဖျားမှာရေပန်းစားသလိုအတူတွဲလုပ်ချင်တဲ့
သူတွေကဒူးနဲ့ဒေး....။

ထိုအပြင်သူတို့သမီးရှင်တွေနှင့်ရည်မွန်စေချင်
ကြသည့်လူတွေကလည်းခပ်များများပင်...
ထိုသို့နာမည်ရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ဒီလိုပွဲအ
ခမ်းအနားကိုကြည့်ကောင်းအောင်ဝတ်ဆင်ဖို့
တော့လိုသည်မဟုတ်လား..။

သိုပေမဲ့...နက္ခတ်လုပ်သမျှကိုတော့ကောင်လေးတစ်ယောက်...မျက်စောင်းတဝင့်ဝင့်နှင့်
ခါးထောက်၍ကြည့်နေလေသည်....။

"ဦးက.....ညစာစားပွဲတတ်ဖို့ပြင်ဆင်နေလို့ဘဲ
မဟုတ်ရင်...အလှပြင်ဆိုင်မှာတောင်သွားပြင်
မလားမသိဘူး...အခုကညစာစားပွဲလေးတတ်
မှာနော်...အလှသွားပြဖို့မဟုတ်ဘူး...ဒါကလည်းငြိမ်းကစေတနာနဲ့ပြောတာနော်.."

သာသာလေးနဲ့နှပ်သည့်စကားလေးတွေသုံး
ရင်းပြောလာသည့်ကောင်ငယ်လေးကြောင့်
နက္ခတ်ပြုံးလိုက်မိပြီး...ထိုအကောင်ငယ်လေး
နားသွားကာဆူပုတ်လေးအားရင်ခွင်ထဲသွင်း
ရင်းတင်းကြပ်စွာဖက်ထားလိုက်လေသည်..။

"ငြိမ်းလေးကဦးပြင်ဆင်နေတာတွေကြည့်ပြီး
ဦးလိုမပြင်ရလို့လား...အိုးးးကြည့်ပါဦးငါ့က
လေးလေးအခုထိမပြင်ဆင်ဘဲဘာလုပ်နေတာ
သွားဖို့အချိန်နီးနေပြီလေငြိမ်းလေး..ဒါမှမဟုတ်သဝန်တိုနေတာလား.."

နူးညံအိထွေးသည်းခေါင်းကဆံပင်လေးတွေ
အားနမ်းရှိုက်ရင်းပြောလာသောဦး...

"မဟုတ်ပါဘူး...ငြိမ်းကသူများတွေလိုရုပ်မဆိုးတော့သိပ်ပြင်စရာမလိုဘူးအခုနေထသွား
ရင်တောင်လက်ဖျောက်တချက်တီးတာနဲ့အ
နားဝိုင်းလာကြမဲ့သူတွေချည်းဘဲ...သဘော
ပေါက်.."

NYEIN.   (  ငြိမ်း  )[ Complete ]Où les histoires vivent. Découvrez maintenant