Part (10 )

14.9K 873 19
                                    

အရမ်းချစ်လို့ကပ်တွယ်ရတာက
တခါတလေကျတော့လည်း
သိပ်ကိုနာကျင်စရာကောင်းတယ်

😍Nyein😘

မင်းမြတ်နက္ခတ်ဆိုတဲ့လူကြီးက တခါတလေ
ကျတော့လည်း သိပ်ကိုကလေးဆန်လွန်းလှ
သည်ဟုထင်မိသည်...ဦးနဲ့နေခဲ့တဲ့အချိန်..
စသ်ိတဲ့အချိန်တွေက မများလွန်းသေးပေမဲ့
ဦးရဲ့ နှလုံးသားထဲမှာတော့ နွေးထွေးလွန်းလှ
သည့် ပန်းနုရောင် အချစ်တွေရှိနေသေးလိမ့်
မည်ဟုထင်မိသည်...။

ငြိမ်းကအမြဲ ဦးရဲ့ခက်ထန်တဲ့ အကြည့်တွေ
တည်ငြိမ်အေးစက်လွန်းတဲ့ အနေအထားတွေ
ကိုဘဲ တွေမြင်ခဲ့ရတာမလား..။ အခုလို အကို
ရှိုင်းထက်ကို လိုက်တု၍ ချီးကျူးခိုင်းနေသည်
က ဖြူစင်တဲ့ကလေးလေးတစ်ယောက် လို
ချင်တဲ့ ချီးကျူးမူတွေကို ကြားရရန်လိုက်တု
နေသလိုပင်..။

ဦးကအရမ်းချစ်ဖို့ကောင်းနေသည်မှာအမှန်ပင်...ဘဝမှာကြုံတွေခဲ့ရတဲ့ နာကျင်စရာအဖြစ်
အပျက်တွေ...ဆိုးဝါးတဲ့ခါးသက်မူတွေကြောင့်.ဖြစ်တည်လာတဲ့ ခံစားမူတွေကို..အံ့ကြိတ်ရင်းနေခဲ့ရတာကြောင့်..ခက်ထန်မာကျောခဲ့ရတာဖြစ်နိင်ပေလိမ့်
မည်...။

ဦးဘေးနား ဦးနာကျင်မူတွေကိုဖြေဖျောက်
ပေးမဲ့လူထက် ဦးရဲ့ခံစားမူတွေကိုသာ...
အလိုလိုက်အကြိုက်ဆောင်ပေးခဲ့တဲ့လူတွေ
ကြောင့်သာ ဖြစ်နိင်လေသည်..။

ငြိမ်းဆိုတဲ့ အေးချမ်းတဲ့ မီးအိမ်ငယ်လေး
က နက္ခတ် ဆိုတဲ့ ကြယ်လေးအတွက်တော့
တဖြည်းဖြည်း လမင်းကြီးလို..အလင်းရောင်
ပေးရင်း လမ်းပြပေးတဲ့သူတစ်ယောက်ဖြစ်
လာချင်မိလေသည်...။

"အကိုရှိုင်းထက်...ထပ်ပိုပြီးဦးကအရမ်းလည်းတော်သလို...ပိုပြီးလည်းစိတ်ထားကောင်း
တာပေါ့...ဦးကလေ..ငြိမ်းရဲ့မျက်လုံးထဲအရမ်းလည်းချောတယ်.."

"အဟမ်း...မင်းငါ့ကိုလာမြှောက်နေတာလား..
မင်းမြှောက်လည်းငါကခိုင်းစရာရှိတာတော့
ခိုင်းမှာဘဲ...မင်းကိုညှာနေမှာမဟူတ်ဘူး.."

"ဦးစဥ်းစားကြည့်လေ..ဦးအသက်အရွယ်လေးနဲ့အရမ်းလည်းချမ်းသာသလို..အခုလို
ကုမ္မဏီ တွေကိုတောင်ဦးဆောင်ပြီးတည်
ထောင်နိင်တာ..ဦးကအရမ်းတော်လို့ပေါ့..အကိုရှိူင်းထက်ကတောင်..ဦးရဲ့လက်အောက်မှာ
အလုပ်လုပ်နေရတာမလား..ဦးကပိုတော်လို့
ပေါ့လို​့..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now