Part...38

9.2K 428 16
                                    

ဟန်နီခင်ဆိုတဲ့ကျွန်မကို...သိပ်ပြီးယုတ်မာတယ်လို့ပြောချင်ရင်ပြောလို့ရတယ်...တို့မပျော်ရွှင်ရရင်..တို့ချစ်တဲ့သူတွေလည်းလုံးဝမပျော်စေရဘူး...အတ္တကြီးတယ်လို့ပြောပြော..ကိုမင်းကိုပိုင်ဆိုင်ရဖို့အတွက်အကွက်ချစီစဥ်ခဲ့
သမျှအပျက်ခံလို့ဖြစ်မယ်တဲ့လား..။

ဖြူစင်တဲ့ကလေးဘဝကိုသူတို့ဘဲအရောင်တွေဆိုးခဲ့ကြပြီး...အခုမှစွန်းထင်းနေပြီတဲ့လား..။

ပြောပြပါဦးမယ်.....ငယ်ငယ်ကမမလိုမျိုးအချစ်မခံရတဲ့ဘဝမှာနေခဲ့ရသလို...မွေးစားသမီးမို့လို့...နိင်ငံခြားမှာရှိတဲ့အဘွားနဲ့အတူအဖော်နေလို့ရအောင်အဘွားကိုပြုစုဖို့အတွက်ကော
ဟန်နီကိုပို့ခဲ့ကြတယ်လေ...။

မမကတော့သိပ်ကိုကောင်းတဲ့ဖေဖေနဲ့မေမေရဲ့အချစ်တွေကိုပိုင်ဆိုင်ပြီးဇိမ်ရှိလှတဲ့အိမ်ကြီးမှာနေထိုင်ရင်း...ကိုမင်းကိုပါအပိုင်ရခဲ့တာ...။

တုံးလွန်းလှတဲ့ဟန်နီရဲ့မမကညီမလေးကိုသိပ်ချစ်လှပါချည့်ရဲ့ဆိုပြီးအချစ်တွေပိုလို့ဂရုဏာဇောတွေနဲ့သူရဲ့နေ့စဥ်ဖြစ်ပျက်မူသမျှကို..Onlineကနေတစ်ဆင့် VC Callနဲ့ဖွင့်ပြောခဲ့တယ်
လေ...။

အယုံလွယ်လွန်းတဲ့ဟန်နီရဲ့မမကသူတစ်ဖက်သက်ချစ်ရဲ့တဲ့ကိုမင်းပုံကို...ဟန်နီကိုစပြတဲ့နေ့ကဆိုမမထက်မလျော့ရင်တောင်ပိုတဲ့အချစ်နဲ့ဟန်နီလည်းချစ်ခဲ့ပေမဲ့...ကိုမင်းမသိတဲ့လူအဖြစ်ဟန်နီကနေရပြီး...မမကတော့ကိုမင်းအနားမှာနေခွင့်ရတာ...ဟန်နီအတွက်လုံးဝမတရားဘူးမဟုတ်လား...။

အမှန်ဆိုမမနေရာမှာဟန်နီဖြစ်ရမှာ..မမပိုင်ဆိုင်သမျှအရာအားလုံးနဲ့ကိုမင်းကိုဟန်နီကပိုင်ရမှာ....ညီအမတွေဆိုတာမျှဝေသုံးစွဲရတယ်မမရဲ့...အခုတော့မမကဟန်နီကိုရန်လာမတွေ့နိင်တော့ဘူး...။

ဘာလို့ဆိုမမချစ်တဲ့ကိုမင်းကိုဟန်နီကအပိုင်ရအောင်ယူမှာမို့လို့ဘဲ...။

မမကတော့အေးစက်တဲ့မြေပြင်အောက်ထာဝရအနားယူလိုက်ပါတော့သနားစရာဟန်နီရဲ့မမရယ်...အဟက်..။

"ဦး...ဦးဘာဖြစ်လို့လဲဟင်...ဘယ်နားကအောင့်လို့လဲ..."

ဝမ်းဗိုက်ကိုဖိကိုင်ပြီး...ညီးညူနေတဲ့ဦးကရုတ်တရက်ကြီးဗိုက်အောင့်လာတာမို့...ငြိမ်းအနေနဲ့ခြေမကိုင်မိလက်မကိုင်မိသဖွယ်...စိတ်ပူနေသည့်စိတ်ကသာကြီးစိုးလျက်..။

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now