Part...40

9.5K 430 1
                                    

အလှလေးကိုအပိုင်သိမ်းရန်အကြံအစည်ဖြင့်ပျော်နေတဲ့ကျော်ထက်ကတော့.....Bossရဲ့အခန်းကိုဝင်လိုက်သည်နှင့်အပျော်တွေကြက်ပေ​ျာက်ဌက်ပျောက်...ပျောက်သွားလေသည်...။

ကျော်ထက်မြင်တွေ့လိုက်ရတာက..အခန်းထဲအရက်ပုလင်းများဖြင့်လဲပြိုနေမည်ဟုထင်ထားသည့်Bossကထိုသို့မဟုတ်ဘဲ...အဆွေးသီချင်းလေးဖွင့်၍အထုပ်အပိုးများကိုပြင်ဆင်နေလေသည်...။

"Boss..ဘယ်သွားမလို့လဲ...ဒါတွေကကောဘာလုပ်ဖို့လဲ...ဘာအတွက်လဲ..ကျွန်တော်ကိုရှင်းပြပါဦး..."

"ဟန်ဆောင်မနေပါနဲ့တော့ကျော်ထက်ရာ...မင်းအဲ့လိုမသိချင်ယောင်ဆောင်တာကငါ့အတွက်ပိုခံရခက်စေတယ်.."

"Bossဆိုလိုတာက..."

"ငါငြိမ်းလေးလက်ထပ်တော့မယ်လေ...ငါ့ငြိမ်းလေးကငါမဟုတ်တဲ့ရင်ခွင်မှာသိပ်ကိုပျော်နေရှာတာ...မင်းသိလားသူရဲ့အပြုံးတွေကသိပ်ကိုတောက်ပနေသလို...အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ငြိမ်းလေးကအရမ်းလှနေမှာဘဲ.."

"Bossရာ...အဲ့ကိစ္စနဲ့ဘဲတခြားနေရာတစ်ခုဆီကိုထွက်သွားတော့မလို့လား..."

"ငါသိပ်ကိုပင်ပန်းနေပြီကျော်ထက်...တစ်ဖက်သတ်အချစ်ကသိပ်ကိုခံစားရခက်စေတယ်..ငါငြိမ်းလေးကိူအရမ်းချစ်လို့သူပျော်နေရင်ငါကျေနပ်သလို...ငြိမ်းလေးကိုမြတ်နိုးစွာချစ်ခဲ့မိလို့ငါနောင်တရမှာမဟုတ်ပါဘူး...စွန့်လွှတ်ခြင်းကတခါတလေသိပ်ကိုအေးချမ်းတဲ့ပန်းချီကားတစ်ချပ်ဘဲ..."

"Bossတစ်ခုခုလုပ်ဖို့တော့မဟုတ်ဘူးမလား..
ကျွန်တော်ပါလိုက်ခဲ့မယ်လေ..နော်Boss.."

"ငါကစိတ်အပန်းဖြေရာခဏခရီးထွက်တာပါကွာ...ငါစိတ်တွေအေးချမ်းပြီဆိူပြန်လာခဲ့မှာ..ဒီကလုပ်ငန်းတွေတော့မင်းခဏတာဝန်ယူပေးပေါ့ကွာ..."

"ငြိမ်းလေးတို့လက်ထပ်ပွဲကိုBossမမှီတော့ဘူး...Bossငြိမ်းလေးကိုလက်မလွှတ်နိင်ရင်
ပြန်ပေးစွဲရမလား.."

"ဟားးမင်းကငါ့တပည့်ကောင်းတယောက်ပါ
ငြိမ်းလေးသူ့ဘဝနဲ့သူပျော်ပါစေ...ပူလောင်တဲ့အချစ်ကိုသူကောငါကောမတိုးကြတာအကောင်းဆုံးဘဲ...ပြီးတော့နက္ခတ်ရဲ့ ကုမ္မဏီ မှာဝင်ထားတဲ့အစုရှယ်ယာတွေသူတို့ကိုလက်ဖွဲ့တယ်လို့ပြောလိုက်ပါ.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now