Part (2)

28.5K 1.5K 21
                                    

ကြိုးမဲ့စွန်ကလေးဆိုတာနဲ့
လွတ်လပ်တယ်လို့ထင်နေကြမှာဘဲ
ပိုင်ရှင်မရှိဘဲလေနှင်ရာလွှင့်နေရတာက
ရင်နာစရာသိပ်ကိုကောင်းတဲ့
ဖြစ်ရပ်မှန်လေးတစ်ခုဘဲ

😍Nyein😍

"ငြိမ်း...ကိုလျှမ်းပိုင်မိုးနဲ့လက်မထပ်ချင်ဘူးမမသိမ့်ရယ်"

ဒါဟာ ငြိမ်းဘက်က ပထမဆုံးစိတ်လိုလက်ရငြီးငြူလိုက်ခြင်း
ပါ။ ငြိမ်း တစ်ခါမှ ကိုယ့်ဖြစ်ချင်တဲ့အရာကို ကလေးတစ်
ယောက်လိုမပူဆာဖူးသလို ဖြစ်ချင်တိုင်းမဖြစ်ရလေခြင်းဆိုပြီး
အော်ငိုတာမတောင်းတဖူးခဲ့။

ပိုဆိုးသည်က ဖေဖေ စိတ်ဆင်းရဲမှာစိုးလို့ လိုချင်သည့်အရာ
မှန်သမျှ ကိုယ့်ဘက်ကအရင် လိုလိုချင်ချင်မပူဆာခဲ့၊ မိထွေး
သားအမိရဲ့ ကုန်းတိုက်စကားတွေနဲ့ဖေဖေက ပို၍စိတ်ဆင်း
ရဲမည်စိုးသောကြောင့် စိတ်ထဲကျိတ်၍သာ မျိုသိပ့်ခဲ့တာချည်း
ပင်။

ငြိမ်းမျက်ရည်တွေ ဝဲနေသည့်ကြားမှ နှုတ်ခမ်းလေးတုန်ရီကာ
မျှော်လင့်တကြီး မမသိမ့်ကို အားကိုးတကြီးရင်ဖွင့်မိ၏။

မမသိမ့်ဆိုတာက အမဝမ်းကွဲပေမဲ့ ကိုယ့်အမအရင်းလိုသ
ဘောထားကာ ငြိမ်းဘက်က ဘာမျှဖွင့်ပြောစရာမလိုအောင်
အလိုက်တသိဖြည့်ဆည်းကူညီထောက်ပံ့ခဲ့တာချည်း။

မေမေဆုံးပြီးတည်းက မမသိမ့်ကပို၍ ငြိမ်းအပေါ်ဂရုစိုက်ခဲ့
သလို ငြိမ်းကိုမောင်လေးအရင်းလိုသဘောထားတဲ့မမသိမ့်
ကြောင့် ငြိမ်းအားလည်းကိုမိသလို စိတ်ကိုလွှတ်၍လည်းရင်
ဖွင့်မိလေ၏။

"ငြိမ်း....ထွက်ပြေးမလား"

"ဘယ်လို...မမသိမ့်"

"ငြိမ်းနားကြားမမှားပါဘူး...မမသိမ့်ပြောတာတွေက ငြိမ်း
ကြားတဲ့အမှန်တရားတစ်ခုပါပဲ"

ငြိမ်းရင်ထဲ ထိတ်ထိတ်ပြာပြာပင်ဖြစ်သွားသလို ရင်ဖိုမိလေ၏။
ဘယ်လိုများမမသိမ့်က ပြောရဲသလို ငြိမ်းဘက်ကလည်း
ရူးမိုက်စွာနဲ့ အဝေးသို့ပြေးထွက်သွားချင်တဲ့စိတ်ပေါ်လာတာ
လည်းလေ။

"အို...မဖြစ်နိင်တာ၊ ဒီလိုအခြေအနေရောက်မှ"

"ငြိမ်းဘက်က ဖြစ်နိင်၏၊မဖြစ်နိင်၏ အထွေအထူးစဉ်းစားမ
နေပါနဲ့...ငြိမ်းဘက်ကဖြစ်ချင်တဲ့စိတ်ပဲရှိသလား"

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now