Part ( 14 )

13.3K 792 15
                                    

မပြောဖြစ်တဲ့စကားတွေထဲမှာ
ကျွန်တော်ကိုတွေ့အောင်ရှာပါတဲ့
မျက်ဝန်းရဲ့အတိမ်အနက်အကြည့်တွေ
ခင်ဗျားရဲ့နှုတ်ခမ်းဖျားမှာတင်
အဆုံးသတ်ရရှာတယ်.....

😍Nyein😘

ညကကောင်းစွာအိပ်စက်အနားယူမိခြင်းကြောင့်လား....အိပ်ပျော်စေနိင်တဲ့မျက်ဝန်း
အကြည့်တွေ...ဆွဲငင်တဲ့စကားတွေကြောင့်
လားမသိ...ရင်ထဲမှာတိုးတိတ်...တိုးတိုးလေး
ရင်ခုန်သံတို့နဲ့...မနက်အာရုဏ်ဦးကိုတော့နှစ်
ဦးသား....နိုးထလို့အစပြုခဲ့လေပြီ......။

"ဒေါက်...ဒေါက်....ဦးရေချိုးခန်းထဲမှာလား..
ဦးဒီနေ့ဝတ်မဲ့အဝတ်အစားတွေ...ကုတင်ပေါ်
ငြိမ်းတင်ထားခဲ့ပြီနော်....အကုန်အဆင့်သင့်ဘဲ
သိလား..."

မနက်မိုးလင်းတာနဲ့...ကိုယ့်အတွက်ကအသာ
ထား...ဦးရဲ့ဝေယျဝစ္စတွေကိုသာအာရုံစိုက်၍
ဂရုတစိုက်နဲ့ လုပ်ကိုင်ပေးတတ်နေပြီ..ဒါဟာ
အလုပ်ရှင်တစ်ယောက်အပေါ်..အလုပ်သမား
တစ်ယောက်ရဲ့သိတတ်ရမဲ့တာဝန်...ကိုယ်လုပ်
ရမဲ့ဝတ္တရားကြောင့်ပင်မဟုတ်....။

ကိုယ်မြတ်နိုးစွာနဲ့ချစ်တဲ့သူအပေါ်...တစိုးတစီ
မှမျက်နှာပျက်အောင်မထားချင်တဲ့...ချစ်သူ
တစ်ယောက်ရဲ့စိတ်ကလည်း...မသိဘာသာ
ကပ်တွယ်၍နေလေသည်...။

ရေချိုးခန်းအပြင်က.....ဦးကြားရုံငြိမ်းအော်
ပြောနေပေမဲ့...ရေချိုးခန်းထဲကရေကျသံအ
ပြင်ဦးရဲ့ပြန်ထူးသံပင်မကြား...ဦးမကြားလေ
ရောသလား....။

"ဦး....ငြိမ်းပြောတာကြားရဲ့လား...အထဲမှာ
ဦးတခုခုဖြစ်နေတာမဟုဘူးမလား..ဦးကြားရင်ပြန်ထူးပါဦး....ဦး....ဦးရေ.."

ရေချိုးခန်းတံခါးကိုအဆက်မပြတ်ထု၍....
ငြိမ်းတစိယောက်မှာတော့...ဦးကိုစိုးရိမ်တကြီးအော်ခေါ်နေမိလေသည်..။ကိုယ်ကချစ်ရ
သူဆိုတော့လည်း...မြတ်နိုးတဲ့သူတစ်ခုခုဖြစ်
မှာကိုစိုးရိမ်ကြတာဘဲမလား...။

ထိုစဥ်...အခန်းတံခါးမှရုတ်တရက်ပွင့်လာ
လေသည်...။

"ဝုန်း....အမလေး..."

ရေချိုးခန်းတံခါးအရှိန်ပြင်းပြင်းပွင့်လာမူနဲ့အ
တူ....ငြိမ်းရဲ့အလန့်တကြားအော်သံ...။

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now