Part ( 3 )

25K 1.3K 5
                                    

တွေးပါငေးပါ..
ကျွန်တော်ရှိတဲ့အရပ်ကို
မျက်နှာမူပြီးပြုံးလှည့်ပါ...

😍Nyein😍

ဆွဲဆောင်မူအပြည့်နှင့်ညို့ငင်နိင်သည့်ထိုလူ
ကြီး၏ အသွင်အပြင်က ကျွန်တော်ရဲ့ နှလုံး
သားကို ဆွဲငင်နေပြီလား....။

မဖြစ်နိင်ပေ...ထိုအရာကိုမည်သည်ဆိုသည့်အ
ကြောင်းနဲ့မှလက်မခံနိင်ချင်ပေ...လျှမ်းပိုင်မိုးလို ချစ်လှပါချည်ရဲ့ ဆိုသည့်လူကိုပင် စိမ်း
စိမ်းကားကားကို ငြင်းခဲ့ပေမဲ့ အခုမှတွေ့သည့်
ထိုလူကိုတော့ ရင်ဘတ်က အကောင်ငယ်
လေးက စိတ်အာရုံကိုလှုပ်နိုးနေသလိုပင်...

သက်ပြင်းပူပူတစ်ချက်ကို လွှတ်ထုတ်လိုက်
ပြီး စိတ်ကိုပြန်တည်ငြိမ်အောင် အမြန်ထိန်း
လိုက်လေသည်...။ ဟုတ်သည်...ငါအထင်မှား
နေလေပြီ...စိတ်ထိန်းစမ်း..ငြိမ်းဖွဲ့ဝန်း...။

အခုသူရောက်နေသည့်နေရာကား...ပြင်ဦးလွင်မြို့ကိုရောက်ရောက်ချင်း ခြေဦးတည့်ရာ
လျှောက်သွားရင်းက...အလုပ်သမားအလိုရှိ
သည်ဟုရေးထားသော ခြံဝန်းကျယ်ကြီးက တံခါးမကြီးနှစ်ချပ်ကြား၌ အထဲသို့ချောင်းပြီးကြည့်နေစဉ်မှာပင်...

"တီ..တီ"

"အမလေး...အား...ကျွတ်..ကျွတ်"

ဆိုင်းမဆင့်ဗုံမဆင့် အနောက်ကဗြုန်းကနဲ့ဆို
ကားဟွန်းတီးတဲ့အသံကြောင့် နှလုံးသားတစ်ခု
လုံး ပြုတ်ကြွေသွားမတတ် ထိတ်လန့်သွားတာမို့
အလန့်တကြားနှင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွား
လေသည်။

"ဟေ့...မင်း ဘာဖြစ်သွားသေးလဲ"

"ဘာဖြစ်ရမှာလဲ...နာသွားတာမြင်သားနဲ့ဘယ်လိုမေးရက်ရတာလဲ...အကြင်နာတရားခေါင်း
ပါးလိုက်တာ"

"မင်းက တယ်စွာပါလား...ငါ့အိမ်ထဲလည်း
ချောင်းတယ်..ငါကား အသွားအလာဝင်ထွက်
တဲ့နေရာမှာနေပြီး ခွင့်ပြုချက်မရှိပဲ မင်းဘာသာ
နမော်နမဲ့နဲ့ လုပ်လို့ဖြစ်သွားတာကို ငါ့အပြစ်ဖို့
ချင်တယ်ပေါ့"

"တာဝန်မယူချင်ရင်တောင် စကားကိုလက်
လွတ်စပယ်မပြောပါနဲ့...ငြိမ်း ခြံထဲကိုချောင်း
မိတာမှန်တယ်...အဲ့ဒါကလည်း အလုပ်သမား
အလိုရှိတယ် ရေးထားမှတော့ အလုပ်လျှောက်
ချင်လို့စူးစမ်းကြည့်မိတာမှားလား"

NYEIN.   (  ငြိမ်း  )[ Complete ]Donde viven las historias. Descúbrelo ahora