Part ( 6 )

18.4K 1.1K 17
                                    

အရမ်းဆိုးသွမ်းနေရင်တောင်
ကျွန်တော်ကြောင့်ဘဲလိမ်မ္မာစေချင်တယ်
နှလုံးသားကလက်ညိုးထိုးပြခဲ့တာက
ခင်ဗျားဆိုတဲ့လူမို့လို့....

😍Nyein😘

ငြိမ်းဖွဲ့ဝန်းကို အလုပ်ကိစ္စ ရှင်းပြရန်ခေါ်ခိုင်း
လိုက်သည်မှာ တော်တော်နှင့်ပေါ်မလာပေ...

စိတ်မရှည်တတ်သည့်အကျင့်ကို ကိုယ်ဘာ
သာအသိဆုံး...နောက်ဆက်တွဲကဒေါသတွေ
ပါလာတော့မည်မို့...အောက်ထပ်ကိုဆင်းလာ
လိုက်လေသည်....ပြောရရင် နက္ခတ်အနေနဲ့
မနက်ဖြန်ဆိုရင် အလုပ်ကိစ္စကြောင့် ရန်ကုန်
ကိုပြန်ရမည်ဖြစ်သည်....။

အဲ့အတွက် ဒီကကိစ္စတွေကိုကြီးကြပ်ပေးရမဲ့
လူတစ်ယောက်ကို အလုပ်ခန့်ထားခဲ့ခြင်းဖြစ်
သည်...။ငြိမ်းဖွဲ့ဝန်းကို အကဲခတ်ရသလောက်
တော့ အရည်အချင်းရှိတဲ့သူဖြစ်ပြီး စကား
ပြောတတ်ဆိုတတ်သလို ဖြတ်ထိုးဉာဏ်ကအ
လွန်ကောင်းတဲ့ သူတစ်ယောက်ဆိုလျှင်မမှား
ထိုအတွက်....ယခုလို အလုပ်ကိစ္စတွေရှင်းပြ
ရန်ခေါ်ခိုင်းလိုက်ခြင်းဖြစ်လေသည်.။

အောက်ထပ်ကိုဆင်းမည်အပြုမှာတော့...
လှေကားထိပ်ကနေ အိမ်အောက်ထပ်သို့မသိမ
သာချောင်းနေသော ရှိုင်းထက်နှင့်တွေ့၍ အမြန်ဆင်းလာသော အခါ မြင်လိုက်ရသော
အဖြစ်အပျက်ကြောင့် ခုနဒေါသတွေပင်
ဘယ်နေရာသို့ ရောက်သွားသည်မသိ...

နွမ်းလျသောမျက်နှာပေးလေးနဲ့ ခေါင်းငုတ်
ကာ မျက်ရည်လေးများဝဲ၍သူ့ကိုပြန်လှည့်
ကြည့်နေရှာတာကြောင့်ရင်ထဲထိတ်ခနဲ့ထိုအ
တူ ငြိမ်းဖွဲ့ဝန်းကို အပြေးထူလိုက်လေသည်
မျက်နှာအပျက်ပျက့်ဖြင့် ပြောလည်းပြော ရှေ့
သို့တိုးသွားရကာ ငြိမ်းဖွဲ့ဝန်းကိုအားနာတကြီး
ငုံကြည့်လိုက်သည်က မင်းမြတ်နက္ခတ်ပါ...

ထိုမြင်ကွင်းအကြောင်းအရာအဖြစ်အပျက်
များက သာမာန်ဆိုပေမဲ့ ထိုနေရာမှာမြင်လိုက်
ရတဲ့ သူများအဖို့ အံ့သြဆန်းကြယ်စရာပင်..

မင်းမြတ်နက္ခတ် ဆိုသည့်လူက ရက်စက်တယ်
သွေးအေးဆိုးသွမ်းသလို ခိုင်းသည့်ကိစ္စတစ်
စုံတစ်ရာပင် မှားယွင်းနေပါစေ...ဘာအကြောင်းပြချက်ဆင်ခြေကိုမှ နားထောင်လေ့မရှိ...ဒေါသသိပ်ကြီး
သလို..စိတ်ရှည်သည်ဆိုသည့်စကားကိုပင်
မတွေးဖူးတဲ့သူလူတစ်ယောက်...ထိုထက်ပို
သည်က...လူတစ်ဦးတစ်ယောက်ချစ်တဲ့မျက်
လုံးနှင့်ကြည့်ဖို့ဝေးစွ...သူအသုံးလိုနေတဲ့အချိန်တွင်တောင် သူ့အသားထိရန်ပင်တော်တော်
အချိန်ယူရမည့်လူတစ်ယောက်ပင်..

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now