Part ( 18 )

12.4K 691 6
                                    

မချစ်နိင်ဘူးလို့ထင်တဲ့အရာကို
စွန့်လွှတ်လိုက်ပါ..
သူရောကိုယ်ရောဘဝလေးတွေ
ငြိမ်းချမ်းသွားရတာပေါ့......

😍Nyein😘

အဝေးကြီးကိုမျှော်မကြည့်နဲ့...နာကျင်မူတွေကိုထပ်သယ်မပိုးနဲ့...အနီးအနားကကိုယ်ချစ်ရ
သူလေးကိုသာ..အမြတ်တနိုးတစိမ့်စိမ့်နဲ့ချစ်
စေချင်တယ်....

အိပ်ရာကုတင်ပေါ်မှာ...သူ့ဘက်သို့လှည့်ပြီး
ကွေးကွေးလေးအိပ်ပျော်နေတဲ့...ငြိမ်း...

သူလေးအိပ်ပျော်သွားတဲ့ထိ...ကုတင်ဘေးနား
မှာထိုင်ရာက...ထမသွားနိင်သေး...မဟုတ်သေးဘူး....ထမသွားချင်သေးတာဆိုပိုမှန်မယ်...

ပြတင်းပေါက်က...ဝင်ရောက်လာတဲ့လရောင်
ဖျော့ဖျော့လေးတွေက...မီးအိမ်လေးသာထွန်း
ထားတဲ့....ချစ်စရာထိုကောင်လေးရဲ့အခန်းထဲ
ပိုးစုန်းကြူးလေးတွေအလား....ဆောင်းလေ
ပြေအေးနုနုလေးတွေက..အသားကိုတို့ထိကျီ
စယ်....ပြတင်းပေါက်ကကန့်လန့်ကာလေးတွေကိုတောင်...ကျီစယ်သွားသေး....

အိပ်တန်းတတ်ဌက်ကလေးတွေရဲ့ မြည်သံ
လေးတွေက...ချစ်ရသူကိုပို၍မြတ်နိးစေသည့်
နှယ်...ဒီညကတော့သိပ်ကိုကဗျာဆန်လွန်းလှ
လေရဲ့....။

ပင်ပန်းနွမ်းလျတဲ့လက်ကလေးအား...အသာ
ပွေ့ယူလိုက်ပြီး...သူရဲ့နွေးထွေးလွန်းတဲ့လက်
ခုံနှစ်ဖက်ကြား...အာငွေ့တွေပေးရင်းနွေးထွေး
အောင်ပြုလိုက်လေသည်...သို့ပေမဲ့ထိုကောင်
လေးကတစ်စက်ကလေးမှ...သိပုံမပေါ်..။

အိပ်စက်နေတာလေးက...ဘယ်လောက်ပင်
ပန်းထားသလဲဆိုတာ...တွေးရုံနဲ့တင်သိနိင်လေ
သည်....။

ထိုင်နေရာမှအသာအယာထ၍...အိပ်မောကျ
နေသည့်...ထိုကလေးရဲ့..မို့မောက်နူးညံ့တဲ့န
ဖူးပြင်ပေါ်သို့...အနမ်းဖွဖွလေးနမ်းလိုက်မိလေခြင်း...။

ဒါကိုတော့....ထိုကလေးမသိပါစေနဲ့...။

................................

"ငါ့ဆီ....ကိစ္စရှိလို့လာတာလား.."

"ကိုမိုးက..သိပ်ကိုသူစိမ်းဆန်နေသလိုဘဲ...
အိမ့်တို့ရင်းရင်းနှီးနှီးနေသင့်တယ်မဟုတ်ဘူး
လား..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now