Part ( 19 )

12.3K 714 10
                                    

အဝေးကိုမျှော်မကြည့်နဲ့
အနီးအနားကိုသေချာကြည့်
မင်းအတွက်အချစ်ပန်းတွေ
တယုတယပျိုးထားတာကို
မြင်ချင်ရင်တော့မင်းရဲ့
သိပ်ချစ်တတ်တဲ့မျက်ဝန်းတွေကိုတော့
ဖွင့်ကြည့်မှရလိမ့်မယ်.....

😍Nyein😘

ကဗျာကယာချစ်မိတဲ့အချစ်ထက်နားလည်မူ
နဲ့အသည်းထဲစိမ့်အောင်ချစ်မိတဲ့အချစ်ကသိပ်
ကိုအဖိုးတန်လွန်းတယ်...ညအိပ်ရာဝင်ချိန်မှာ
ကလေးတစ်ယောက်လိုအိမ်မက်မက်ချင်ခဲ့တဲ့
အချိန်တွေလိုမျိုးပေါ့....

နာကျင်မူကင်းစွာနဲ့အပူအပင်တွေရဲ့အဝေး
တလက်လက်တောက်ပနေတဲ့ကြယ်လေးတွေ
လိုလင်းလက်နေပေးမဲ့...မရိုးနိင်တဲ့ချစ်သူမျိုး.

ချစ်ရပါသော...ငြိမ်း....

"ဟဲ့.....နင်တို့ကြားပြီးပြီလား...ဟိုကိစ္စလေ.."

"ဟဲ့...ဘာတုန်း...တိုးတိုး...တိုးတိုးနဲ့ဘာကိစ္စ
တုန်း...ဘာကိုသိရမှာလဲ..."

"ဒီအိမ်က...အရင်အိမ်စေတွေကို..ဒီအိမ်ကသ
ခင်ကအကုန်အလုပ်ထွက်ခိုင်းလိုက်တာတဲ့..
တနေ့တည်းမှာအကုန်လုံးကိုနော်...မထူးဆန်း
ဘူးလား.."

နေ့လယ်ဘက်အလုပ်အားချိန်..စံအိမ်ကြီး၌
အသစ်ရောက်လာတဲ့အိမ်စေတွေအချင်းချင်း
တီးတိုးအတင်းပြောနေကြခြင်းဖြစ်သည်...။

"အမလေးဟယ်....သူအလုပ်ထုတ်ချင်လို့နေမှာပေါ့ဟဲ့.....နင်ကဘာကိုထူးဆန်းနေတာ...
သူအလုပ်ထုတ်ပစ်လိူက်တော့..ငါတို့အခုလို
အလုပ်ရတာပေါ့...ပိုမကောင်းဘူးလား...အမှန်ဆိုအရင်အလုပ်သမားတွေကိုတောင်ငါတို့က
ဦးချသင့်တာ....လစာကလည်းကောင်း...အိမ်
ကြီးကလည်းရှယ်ဘဲလေ..."

"အေးငါပြောချင်တာလည်းအာ့ဘဲ...အကုန်
ကောင်းရဲ့သားနဲ့ဘာလို့အကုန်အလုပ်ထုတ်
လည်းသိချင်ကြလား....ဒီအိမ်က..သခင်ရဲ့ဘေးနားကကောင်လေးကို..မထီလေးစားဆက်ဆံလို့တဲ့...."

"ဟယ်...တကယ်လား...အဲ့လိုဆို...အဲ့ကောင်
လေးကိုငါတို့တလေးတစားဆက်ဆံမှရမယ်..
မဟုရင်အလုပ်ပြုတ်နေဦးမယ်..."

"ဘာတွေအတင်းပြောနေကြတာ...နင်တို့ကြည့်ရတာအရမ်းအားနေတယ်နဲ့တူတယ်..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now