Part ( 16 )

13.2K 742 6
                                    

လေပြေလိုတို့ထိတွယ်ငင်
အပြေးရောက်ခါသွားတော့
အို...သူရဲ့အရိပ်ကလေး
ပြုံးပြုံးလေးငေးကြည့်နေလေရဲ့
သူစေလိုရာစေ..သူပိုင်တဲ့အရုပ်ကလေး
ဒီလူသားလေးရဲ့ရင်ခွင်
ထာဝရငြိမ်းချမ်းပါရစေ
ချစ်ရပါသော...ငြိမ်းရေ..

😍Nyein😘

လျှပ်တစ်ပြက်ကြုံတွေရတဲ့အချစ်ထက်...
တဖြည်းဖြည်းရင်ခွင်ထဲကို...အပိုင်ယူကာသိမ်းနိင်တဲ့အချစ်ကို...ပိုပြီးမြတ်နိုးတွယ်တာအချစ်ပိုမိတယ်..။

နားလည်မူတွေပို၍...ယုံကြည်မူတွေထပ်ပြီး
ဆင့်ကာကဲ...ပို၍..ပို၍တန်ဖိုးထားအပြုံးတွေ
ဖန်တီးနိင်တဲ့အချစ်မျိုးကို...အနားမှာဘယ်သူ
မှမရှိချိန်မှ...မြင်တတ်လာတယ်...။

မျက်ကန်းနေတဲ့လူသား...အလင်းရောင်ရချိန်
မှာတွေ့မြင်လိုက်ရတဲ့ကြယ်လေးလိုပေါ့...။
ရင်ခွင်ထဲမှာ...တိုး၍ရှိုက်ကြီးတငင်ငိုနေတဲ့
ကလေးလေးလိုအတင်းဖက်ကာချွဲနေသယောင်ရှိလှတဲ့....ငြိမ်းဖွဲဝန်း ဆိုတဲ့ကောင်လေး
ကြည့်ပါဦး...ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေသလဲ...။

ဒီစကားက..သူသိပ်မပြောတတ်တဲ့စကားလေးတွေပေါ့..။

"ဦး....ငြိမ်းကိုမမုန်းပါနဲ့နော်..ငြိမ်းမတတ်သာလို့...ဦးဆီမှာအလုပ်ဝင်ခဲ့ရပေမဲ့..ငြိမ်းဘဝက
အာ့လိုမှမဟုတ်ရင်..ဘယ်ကိုထွက်ပြေးရမှန်းမသိလို့ပါ..."

ခေါင်းလေးကိုမော့...ရဲရဲဝင့်နေတဲ့နှုတ်ခမ်းအလွှာက...ပွင့်အာလာတဲ့စကားတွေက..အကြည်စူးစူးမျက်ဝန်းတွေထဲ...ရိုးသားမူနဲ့ဖြူစင်မူ
ကရောထွေးလျက်...အရောင်တောက်နေလျက်ရှိလေသည်...။

"ဦး...နားလည်ပါတယ်...မင်းရဲ့ဘဝကိုလည်း
စာနာတာမို့...မင်းကိုအပြစ်လည်းမယူသလို
မုန်းတဲ့စိတ်လည်းမရှိပါဘူး..."

"ငြိမ်းကိုအခုလိုပြောတာဝမ်းသာပေမဲ့...တကယ်လိုများ...စိတ်ထဲမကျေနပ်သေးရင်..အခု
တည်းကပြောလိုက်ပါ..ငြိမ်းကမေးခွန်းတစ်ခု
ကိုအဖြေရှင်းရှင်းလင်းလင်း..မသိရမချင်း
မကျေနပ်လို့ပါ...တောင်းပန်ပါတယ်နော်ဦး."

"ဦးနားလည်တာမို့ထပ်မတောင်းပန်နဲ့တော့...
မင်းတောင်းပန်စရာလည်းမလိုဘူး...အိမ်ပြန်
ပြီးနားလိုက်တော​့...မင်းခုနအရမ်းငိုခဲ့ရပြီးပြီ
မလား...အိမ်ပြန်ပြီးတရေးလောက်အိပ်လိုက်
ပါ.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now