Part...33

7.7K 431 3
                                    

ဝတ်ကျေတန်းကျေဆက်ဆံကြတဲ့
သူတွေကိုမေးကြည့်ချင်တယ်
ဘဝမှာချစ်ကောချစ်တတ်ရဲ့လားလို့

💦Nyein💦

အရက်ဘားတစ်ခုသို့...ဟန်နီခင်..ဝင်လာလိုက်ပြီး...သောက်နေကျကော့တေးတစ်ခွက်ကို
မှာလိုက်ပြီး...ချိန်းဆိုထားတဲ့သူကိုစောင့်နေလိုက်လေသည်...။

"ဟန်နီခင်..."

သူရဲ့နာမည်ကိုခေါ်လိုက်သည့်သူကိုဟန်နီခင်မော့ကြည့်လိုက်လေသည်...။

"အော်...ရောက်လာပြီလား..နောက်ကျတယ်နော်...ဟန်နီကတော့ရောက်တာသောက်နေတဲ့အရက်ခွက်ကသက်သေဘဲ..."

ကုန်သလောက်ဖြစ်နေသည့်ဟန်နီခင်လက်ထဲ
ကအရက်ခွက်ကို...ထိုလူကတချက်လှမ်းရှိုးလိုက်ပြီး....။

"ခင်ဗျားရောက်တာနောက်ကျတာစောတာ
စိတ်မဝင်စားဘူး...ဘာလို့ဆိုခင်ဗျားကကျုပ်အမိန့်ကိုနာခံရမဲ့သူမို့လိုဘဲ..."

"ရှင့်အမိန့်ကို..ဟန်နီကနာခံရမယ်နော်..ဘဝင်မမြင့်နေဘူးလားရှင်ရယ်.."

"မင်းသိထားဖို့က..မင်းကိုအဲရစ်လက်ထဲကငါကကယ်ခဲ့တာဆိုတာမင်းဦးနှောက်ထဲထိစွဲနေဖို့ဘဲ....မင်းကိုကယ်နိင်သလို...အဲရစ်လက်ထဲပြန်ထည့်ပေးလို့ရတယ်ဆိုတာမမေ့နဲ့.."

"အဟင်း...ကြောက်ပါတယ်ရှင်...ရှင်ဂရုစိုက်ဆုံးသူကဒီကမ္ဘာမှာတစ်ယောက်တည်းရှိတာသိတာပေါ့..ရှင့်အပိုင်လေးကအခုကိုမင်းဘေးနားမှာကော်လိုကပ်နေတာပေါသိလား...အမြင်ကပ်ဖို့ကောင်းတာ.."

လျှမ်းပိုင်မိုးကတော့ဟန်နီခင်ကိုမဲ့ပြုံးနှင့်ကြည့်လိုက်ပြီး...

"ငြိမ်းလေးကိုမင်းဘက်ကအပြစ်မြင်စရာအကြောင်းကိုမရှိဘူး...ငြိမ်းလေးကမင်းလိုမိနိးမထက်အဆတစ်ရာဖြူစင်လိုဘဲ..."

"ဟားးးး...ရှင်မသိသေးတာလား..တုံးအတာလား...အဲရစ်လက်ထဲကတောင်တို့ကိုကယ်ထုတ်နိင်သူက...ဉာဏ်ရည်မတိမ်လောက်ပါဘူး....."

"မင်းဘာပြောချင်တာလဲ.."

ခနဲ့သလိုအမူအယာနှင့်ပြောနေသည့်ဟန်နီခင်ကို...စိတ်မရှည်တော့...။

"ရှင့်လူက...မဖြူစင်တော့ဘူး..ကိုမင်းနဲ့တခန်းတည်းအတူနေပြီးအပြင်လင်မယားတောင်ဖြစ်နေပြီ...ရှင်ကဖြူစင်တယ်လုပ်ကောင်းတူန်း
ရှင်ကစားပြီးသားကျန်တဲ့အရိုးကိုမှကိုက်ချင်တဲ့မြေခွေးမိုက်ဘဲ..."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now