Part ( 9)

13.8K 895 15
                                    

ကျွန်တော်ကအတ္တသိပ်ကြီးတယ်
ခင်ဗျားကိုမှစွဲစွဲလန်းလန်းချစ်နေမိတာမျိုး

😍Nyein😘

ကျောခိုင်းထွက်သွားတဲ့ ကျွန်တော်သိပ်ချစ်
ရတဲ့ရင်ခွင်ထဲ ကျွန်တော်မဟုတ်တဲ့တခြားသူ
ကမှီတွယ်ပြီး ထွေးပွေ့တာခံထားရတဲ့ဘဝမျိုး
ကျွန်တော်လိုချင်မိတယ်..။

မဟုတ်သေးဘူး...တခဏ..အချိန်ခနလေးဆို
တောင် သိပ်ကိုတောင်းတာလိုချင်မိတာအမှန်
ပါ...ဘယ်သူမဆို ကိုယ်သိပ်ချစ်ရတဲ့သူဘေး
နား နေချင်ကြတယ်မလား..။ကိုယ့်အပေါ်မ
မချစ်တဲ့သူ..မကြင်နာတဲ့သူဖြစ်ပါစေ..သူနာ
ကျင်အောင် ပြုမူရက်စက်နေလည်း ကိုယ့်
ဘက်က ချစ်နေရရင်ပျော်တယ်..ကျေနပ်နေ
တဲ့သူတွေတစ်ပုံကြီးပါဘဲ..အဲ့ဒီလူတွေထဲမှာ
ငြိမ်းအပါအဝင်ပေါ့...။

ပြီးတော့ ကျွန်တော်သိပ်ချစ်မိတဲ့သူက ဆိုင်သူ
ရှိနေတဲ့တစ်ယောက်...။ ဦး.....

လက်ကနာကျင်မူကအသာထား...အခုချိန်မှာ
ဦးအနေနဲ့ ငြိမ်းကိုအမြင်မကြည်တာ..မုန်း
သွားတာမျိုး အဖြစ်မခံနိင်...။ ငြိမ်းသူကိုတမင်
လုပ်တာမဟုတ်ရပါဘူးဦးရယ်..။ငြိမ်းရှင်းပြ
ရင်ကော ဦးကယုံမှာတဲ့လား.။ယုံကြည်မူတွေ
နဲ့ အနီရောင်ခြယ်နေတဲ့ ငြိမ်းလက်လေးကို
တယုတယနဲ့ ကိုင်တွယ်ထိတွေ့ပြီး ငြိမ်းနာ
ကျင်နေသမျှကို မကြည့်ရက်မမြင်ရက်သလို
မျိုး ဂရုစိုက်မူတွေနဲ့ထွေးပွေ့ပေးမှာတဲ့လား..။

ကိုယ့်ရဲ့ဆိုင်သူကိုဘဲ ကြည့်တတ်တဲ့ဦးကို
ငြိမ်းအပြစ်မတင်ပါဘူး..ငြိမ်းက နောက်ကျမှ
မှီရာကားနဲ့ ဦးဆီကိုရောက်လာခဲ့တဲ့ နောက်ကျသူဘဲမလား...။

"သားငြိမ်းလေး...လက်မှာလည်းသွေးတွေနဲ့
ထတော့...ဦးလေးဆေးထည့်ပေးမယ်"

အကိုရှိုင်းထက်ကတော့ ငြိမ်းအတွက်စိတ်မ
ကောင်းပေမဲ့ ဦးရဲ့စကားတစ်ခွန်းအမိန့်တခု
ပေဘဲမို့ ဦးနောက်ကိုအပြေးလေးလိုက်ပါသွား
ရလေသည်...လင်းရံခကို ပွေ့ချီလျက် အိမ်အ
ပေါ်ထပ်သို့တတ်သွားတဲ့ ဦးနောက်ကိုပေါ့..။

"ရပါတယ်...ငြိမ်းဘာမှမဖြစ်ပါဘူး..ငြိမ်းဘာ
သာဆေးထည့်လိုက်ပါမယ်.."

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now