Part ( 21 )

14.2K 727 11
                                    

နီးခြင်းဝေးခြင်းက
ပြသနာတစ်ခုမဟုတ်ဘူး
ငါအနားမှာမင်းရှိနေရင်ရပြီ

😍Nyein😘

ဖြောင့်ဖြူးမယ်လို့ထင်တဲ့လမ်းသွားဖူးတဲ့သူမှ
ကြမ်းတမ်းမှန်းသိမယ်...။မျက်ရည်တစ်စက်
ရဲ့တန်ဖိုးကိုငိုဖူးတဲ့သူမှသိမယ်...။

အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုချစ်ဖူးတဲ့သူမှသိလိမ့်
မယ်...။

ကြားသမျှနားဝမှမချမ်းသာ....မြင်သမျှတွေ့သ
မျှအရာအားလုံးအခုတော့ဆိတ်သူဥ်းပျောက်
ကွယ်လုနီးပါ...ဒါတွေဟာယုံနိင်ဖွယ်ရာစကား
တွေတဲ့လား....မဖြစ်နိင်....မဖြစ်နိင်ဘူးဟုခေါင်းကိုတွင်တွင်ရမ်းပြီးဇွတ်မှိတ်ငြင်းနေရင်
တောင်ဒီအခြေအနေတွေကအိမ်မက်တစ်ခု
အဖြစ်...အငွေ့ပျံသွားမတဲ့လား...။

"မဖြစ်နိင်တာ....မဖြစ်နိင်တာတွေဘဲ....ဒီလို
ဇာတ်သိမ်းဖို့ကလေးကလုပ်ခဲ့တယ်ထင်လား
လုံးဝဘဲ....စ်ိတ်တောင်မကူးဖူးခဲ့ဘူး...ဒီစကား
တွေကိုမကြားခဲ့ဘူးလို့ဘဲသတ်မှတ်မယ်..."

"ကိုထပ်မမှားချင်တော့ဘူးအလင်း...အမှား
တစ်ခုကိုမှားမှန်းသိလျက်အာ့လမ်းကိုဆက်
လျှောက်နေရင်းမှောင်အတိဖုံးသွားမှ...ရပ်တန့်လိုက်ရမှာလား.....ပူလောင်တဲ့မီးထဲပူမှန်းသိ
လျက်ပိုးစုန်းကြူးလို့ဝင်တိုးနေတဲ့သူမဖြစ်စေ
ရဘူး...."

ထိုစကားတွေကို....ဒေါသစိတ်နဲ့မပြောချင်ပေ
မဲ့....ဖြစ်လာသမျှအရာတွေက...ထိုအတိုင်းအ
တာတစ်ခုကိုနိုးထအောင်လုပ်နေသလိုပင်...။

ကိုယ့်ဘက်ကမှားခဲ့တယ်ဆိုဦးတော့.....မပျော်
ရွှင်ရတဲ့ဘဝထဲ ကျိတ်မှိတ်၍မနေချင်...ပြတ်
သားသည့်ဆုံးဖြတ်ချက်ကသာ....သူကိုယ်
တိုင်ကော....အလင်းကိုပါကယ်တင်နိင်မည်
မဟုတ်လား....။

"မှားနေပြီ....သိပ်မှားနေပြီ...အချစ်တွေကို
ရက်ရက်ရောရောပေးကမ်းပြီးမှ...အခုမှမနာ
လိုပြန်ပေးခိုင်းနေတာလား...ကလေးကငယ်
သေးပါတယ်...ဒါပေမဲ့ပုံပြင်တော့မကြိုက်တတ်ဘူးကိုကိုရဲ့...ဘယ်တော့မှပေးပြီးသားအ
ချစ်ကိုလုံးဝပြန်ပေးမှာမဟုတ်ဘူး..."

"ကိုပြတ်ပြတ်သားသားဘဲပြောမယ်...အလင်း
ကို....ကိုဒီတစ်သက်ချစ်နိင်မယ်မထင်ဘူး...ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ကို
ဖြူစင်တဲ့စိတ်နဲ့ဘဲ....အဲ့စိတ်နဲ့ဘဲနေခဲ့တာ....
ကိုရှေ့တိုးမှာမဟုတ်သလို...အလင်းလည်းရှေ့မတိုးပါနဲ့တော့...ကိုတို့အရင်လိုဘဲပြန်ခင်
မင်ကြမယ်...."

NYEIN.   (  ငြိမ်း  )[ Complete ]Donde viven las historias. Descúbrelo ahora