ဇာတ်သိမ်း😘😘

23.6K 526 9
                                    

ငြိမ်းလေးကတော့သူကိုပြန်လွှတ်ဖို့အရေးမရှိတဲ့ဗိုက်ပါကြီးခိုင်းလိုက်ပြီးဖမ်းခေါ်လာတဲ့သူတွေကိုအသနားခံနေလေသည်...။

မတတ်နိင်ဘူးဒီကပြန်လွှတ်ဖို့အရေးလိမ်ဆင်ဆင်ရင်လည်းဆင်ရမှာဘဲ...သူကိုဘယ်သူဖမ်းခေါ်တာလဲဆိုတာလည်းသိချင်မိသည်...။

"တကယ်ပြောတာပါဗျာ...ဟင့်သနားကြပါ..
ကိုယ်ဝန်နဲ့လူကိုအကြမ်းမဖက်ကြပါနဲ့...သားသားရေပါးပါးတို့ကံအရမ်းဆိုးတာဘဲ..လူဆိုးတွေလက်ထဲကပါးပါးတို့ပြန်မလွတ်နိင်တော့ဘူး...ငါ့သားလေးလူတောင်မဖြစ်လိုက်ရဘူး..ပါးပါးအပြစ်တွေပါဘဲ..."

"တောက်...ဆူညံနေတာဘဲ..ဟားးငြိမ်းဖွဲ့ဝန်း
ဘယ်လိုလဲ...ကိုမင်းနဲ့လက်ထပ်ချင်သေးလား..."

"ခင်ဗျား...ဟန်နီခင်..ခင်ဗျားယုတ်မာလှချည်လား....ခင်ဗျားဘာလို့ကျွန်တော်ကိုဖမ်းခေါ်လာတာလဲ...ဘာလဲကျွန်တော်ကိုအစာမကြေလို့လား..."

"နင့်ကိုအားယားပြီးငါကမဖမ်းခေါ်ချင်ပါဘူး
ဒါပေမဲ့နင်က..ငါသိပ်ချစ်တဲ့ကိုမင်းကိုအပိုင်သိမ်းဖို့ကြံတယ်လေ...ကိုမင်းအနားမှာရှိတဲ့သူတွေ...ကိုမင်းကိုအပိုင်ကြံတဲ့သူတွေကိုငါကသတ်ပစ်ရမှာဘဲ..."

"ခင်ဗျားရူးနေလား...ဦးကခင်ဗျားကိုမချစ်ဘူးဘယ်တော့မှလည်းချစ်လာမှာမဟုတ်ဘူး..ဦးကကျွန်တော်ကိုဘဲချစ်တာ..ခင်ဗျားအခုလိုလုပ်လည်းဦးကိုပိုင်ဆိုင်ရမယ်မထင်နဲ့.."

"ဟုတ်တယ်ငါရူးနေတာ...ငါရူးနေလို့ငါ့အစ်မကိုတောင်ငါရှင်းပစ်ခဲ့တာ...ငါစိတ်ထဲကိုမင်းကိုပိုင်ဆိုင်ချင်တာဘဲသိတယ်...ကိုမင်းကငါ့အပိုင်ဘဲ.."

"ခင်ဗျား...ခင်ဗျားလူမှဟုတ်ရဲ့လား...ကိုယ့်အစ်မအရင်းကိုသတ်ပစ်ရဲတယ်...ခင်ဗျားလူမဟုတ်ဘူး...ခင်ဗျားလိုယုတ်မာတဲ့သူကဦးကိုဘယ်တော့မှပိုင်ရမှာမဟုတ်ဘူး..."

"အဲ့ဒါတွေငါမသိဘူး...အခုကိုမင်းကိုအပိုင်ကြံဖို့လုပ်တဲ့နင်ကိုတော့ရှင်းပစ်ရမှာဘဲ..byebyeငြိမ်းဖွဲ့ဝန်း...တမလွန်ကငါ့အစ်မကိုနှုတ်ဆက်တယ်လို့ပြောလိုက်ပါဦး..."

ဟန်နီခင်ပုံစံကအရူးတပိုင်းလို...သူစိတ်ထဲပုံမှန်အသိစိတ်ထက်...လူသတ်ဖို့ပင်စိတ်ရောက်နေလေသည်...။မိုက်ရူးရဲဆန်တဲ့လုပ်ရပ်တွေ
ကိုလုပ်တော့မည့်ပုံစံတွေလည်းတွေ့နေရလေသည်...။

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now