Part ( 4 )

20.3K 1.2K 16
                                    

စကားတွေအများကြီးမပြောဖူးကြပေမဲ့
ကျွန်တော်အရမ်းချစ်တာတော့
ခင်ဗျားကိုသိစေချင်မိတယ်

😍Nyein😘

မနက်မိုးသောက်အလင်းရောင်က ပြတင်း
ပေါက်ကတစ်ဆင့် အိပ်ရာဖြူဖြူပေါ်တွင်
အိပ်စက်နေသည့် ငြိမ်းရဲ့ ပါးပြင်နုနုထက်သို့
ကျရောက်လာလေသည်...။မနေ့ကခရီးပန်း
ခဲ့သောအရှိန်ဖြင့် ညကတခါတည်းတရေးမှ
တောင်မနိုးနိင်အောင်အိပ်ပျော်သွားခဲ့လေခြင်း
အခုလို တခါမှတစ်ယောက်တည်းခရီးမထွက်
ဖူးတာလည်းပါလိမ့်မည်...။

မျက်လုံးဖွင့်ဖွင့်ချင်း...စဥ်းစားမိလိုက်သည်က
မင်းမြတ်နက္ခတ်ဆိုသည့် ထိုလူကြီးကိုပင်..
ထိုလူကြီးကအရမ်းကိုချမ်းသာသည့် လူတစ်
ယောက်ဖြစ်ကာ ဒီကစတော်ဘယ်ရီခြံတွေ
ကော...ရန်ကုန်နှင့်နိင်ငံခြားတွေမှာပါ..ကုမ္မဏီ
တွေပိုင်ဆိုင်ထားပုံပင်...ရုပ်ရည်တည်ကြည်
ခန့်ညားပြီးချောတဲ့အပြင် ချမ်းသာလွန်းသည့်
ထိုလူကြီးနား မိန်းကလေးများဝိုင်းဝိုင်းလည်
နေမှာမလွဲ...

*ဟူးးး...ငြိမ်းရေ..မင်းတော့ထိုလူကြီးကိုရင်
ခုန်နေတာရပ်တော့...မင်းကိုသူကလှည့်တောင်ကြည့်မှာမဟုတ်ဘူး..သူအနားအချောအလှ
လေးတွေဝိုင်းနေမှာ....မင်းအတွက်နေရာတောင်ရှိမှာမဟုတ်ဘူး...စိတ်ထိန်းစမ်း..*

စိတ်ထဲက ခေါင်းငြိမ့်လိုက်ခေါင်းခါလိုက်..
ကိုယ့်ကိုကိုယ် ရန်ရှာလိုက်ပြီး အိပ်ရာပေါ်က
အလူးအလဲထလိုက်လေသည်..ကိုယ့်အိမ်မှာ
နေတည်းက မိထွေးသားအမိကြောင့်အစော
ကြီးထပြီး အိမ်အလုပ်ကူလုပ်ပေးပြီးကျောင်း
ပြေးရသည်က ပုံမှန်ဝတ္တရားလိုဘဲမို့...ယခုလို
အလုပ်ရှိလာပြီဆိုတော့ ပိုပြီးတော့ဝီရိယထား
ရမည်ဖြစ်သည်...။

ငြိမ်းတို့အိမ်က ချမ်းသာတဲ့အဆင့်လောက်ဘဲ
ရှိပြီး ဦးမင်းမြတ်နက္ခတ်ချမ်းသာမူနဲ့ဆို နှိုင်း
ယှဥ်ကြည့်ပါက..ဟူးးးဆက်မတွေးတာဘဲ
ကောင်းမည်...။

မျက်နှာသစ်အဝတ်အစားလဲပြီးသည့်နှင့်
အောက်သို့ ကဗျာကယာ ဆင်းလာလိုက်သည်
ဧည့်ခန်းသို့အရောက်...ငြိမ်းရဲ့ခြေလှမ်းတွေရပ်တန့်သွားလေသည်....။

NYEIN.   (  ငြိမ်း  )[ Complete ]Tempat cerita menjadi hidup. Temukan sekarang