Part ( 12 )

12.7K 778 8
                                    

နာကျင်ရမဲ့ဒဏ်ရာတွေကိုတောင်
ခင်ဗျားဆီကဘဲတရှိုက်မက်မက်လိုချင်မိတာ
ကျွန်တော်ဆိုတဲ့လူသားက
ခင်ဗျားပေးမဲ့အလွမ်းတွေကိုတောင်
အနမ်းတွေအဖြစ်တင်စားချင်တာ..

😍Nyein😘

တချို့အချစ်တွေက ကံဆိုးမူတွေရဲ့နောက်
ကွယ်...မုန်တိုင်းတွေငြိမ်ချိန်မှ..မသိဘာသာ
ရောက်လာတတ်ကြတယ်....တည်ငြိမ်နေတဲ့
ရင်ခုန်သံကမ်းပါးကို..အလွမ်းတွေအနမ်းတွေ
အချစ်တွေနဲ့ တဖန်နိုးထအောင်ဆောင်ရွက်နေ
သလိုပေါ့..။

အထီးကျန်မူတွေနဲ့ တည်ဆောက်ထားတဲ့ခြံ
ဝန်းလေးက..အနမ်းပန်းတွေပွင့်ဖူးမယ်လို့ဘယ်အခါမှမျှော်လင့်မထားမိ...အခုတော့လှရက်လွန်းတဲ့ပန်းလေးတစ်ပွင့်ကြောင့်..နိဗ္ဗာန်
လေးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပြီဆိုတာ
မိမိကိုယ်တိူင်တောင်သိပါ့လေစ...အခုတော့
ခြံဝန်းလေးထဲ..ခဏမျှတော့မသိယောင်ဆောင်နေပေဦးမယ်...။

ရေချိုးခန်းထဲက...ရေပန်းဆီကကျလာတဲ့
ရေတွေက...တောင့်တင်းသန်မာလှတဲ့ခန္ဓာကိုယ်ဆီသို့...အလုအယက်ပြေးဆင်းလာကြလေ
သည်..။အလုပ်ကပင်ပန်းလာသည့်အရှိန်
ကြောင့် ခဏမျှအနားယူပြီး ရေချိုးလိုက်ရပေ
မဲ့...အိမ်ထဲဝင်လာတာနှင့် သူရဲ့မျက်လုံးအစုံ
ကတစ်စုံတစ်ယောက်ကိုရှာဖွေနေမိသည်..။

ရှာဖွေနေသည့် အရာလေးက သူ့ရဲ့အခန်းထဲ
အခန့်သားကုတင်ပေါ်လဲလျောင်းနေတာတွေ့
လိုက်ရတော့...ပင်ပန်းထားသမျှက..ဘယ်ဆီ
သို့လွင့်သွားသော လေပြေကဲ့သို့..အနားပါးမှ
ထွက်ခွာသွားကြလေသည်...။

ပြောပါတယ်...သူလေးကိုတွေ့တာနဲ့စိတ်က
ထိန်းမရဘူးဆိုတာတော့အမှန်ပင်...ဒါပေမဲ့ဒါ
ကလည်းခဏတာမျှသာဖြစ်လိမ့်မည်..။

"တီ...တီ....တီ.."

"ပြော...ဘာကိစ္စလဲ.."

ရေချိုးနေရင်း..ဖုန်းမြည်လာတာကြောင့်တွေး
လက်စအတွေးတွေတောင်ပျောက်ပျက်ကုန်
ပြီး...ဒေါသပါထွက်သွားလေသည်..။

ဒေါသထွက်ရသည့်အကြောင်းကလည်း..သူ
လေးအကြောင့်းစဥ်းစားနေကာမှထိုသို့ဖုန်း
မြည်လာတာကြောင့်ပင်...။ သူလေးနဲ့ပတ်
သက်ရင်အတွေးတွေကအစ..တခြားသူနှောက်ယှက်တာကိုမကြိုက်ချင်တော့..။

NYEIN.   (  ငြိမ်း  )[ Complete ]Where stories live. Discover now