ချစ်ရပါသော...ငြိမ်းရေ..
ဒီအတောအတွင်းအဆင်ပြေရဲ့လားလို့
မေးလိုက်ချင်တယ်...ဘာလို့ဆိုမင်းလေးကို
မျက်စီအောက်ကမတွေ့တာကြာခဲ့ပြီလေ..ဆောင်းတွင်းကိုတောင်ရောက်နေပြီနော်ငြိမ်း
လေနုအေးတွေကချမ်းစိမ့်တဲ့ဘက်ကိုကူး
ပြောင်းလို့...ညဘက်ညည့်နက်တဲ့အချိန်တွေ
ဆိုသိပ်ကိုအေးတာဘဲငြိမ်းရေ...အချစ်ကိုရှာဖွေရင်းသိပ်ကိုမှောင်မိုက်တဲ့ည
တွေကိုဖြတ်ကျော်ဖူးသလို..သိပ်ကိုလှပတဲ့ည
တွေကိုလည်း..ချစ်စိတ်ကူးတွေနဲ့ဖြတ်ကျော်
ခဲ့ဖူးတယ်...အို..အခုချိန်မှာတော့..ငြိမ်းလေးက
အချစ်ခံရဆုံးလူသားလေးပေါ့လေ🍂🍃......Nyein🍃🍃🍃
ဒီနေ့ကတော့ခါတိုင်းနဲ့မတူ..ငြိမ်းလေးအတွက်
ပျော်ရွှင်မူတွေနဲ့ပြည့်နှက်နေတယ်ဟုထင်ယောင်စရာပင်...။မဟုတ်သေးဘူး...ဒီနေ့ကစ
ပြီးနောက့်နေ့ရက်တွေတိုင်းပျော်စရာကောင်း
နေတော့မည်ဟု..တွေးထင်လိုက်ပြီးသား...။ငြိမ်းကိုချစ်တယ်လို့ဝန်ခံပြီးတည်းက...ဦးတစ်
ယောက်ကတော့..ရှက်လို့ဘဲလားမသိ..သူရှက်
ရွံသည့်ပုံစံလေးက..အပျိုဖြန်းလေးလို..ငြိမ်း
ကိုတောင်မျက်နှာချင်းမဆိုင်ရဲလောက်အောင်
လုပ်နေသည်လေ...ဒါလားအိမ်ထောင်ပြုဖူး
သည့်လူကြီးဆိုတာ...။အတိတ်မှာပြန်မတွေးချင်အောင်ငြိမ်းတွေ့ကြုံ
ဖူးခဲ့ပြီးသလို..အနာဂတ်မှာဘာတွေကြုံတွေ့နိင်မလဲမသိပေမဲ့...ဒီအချိန်တိုလေးအတွင်းမှာ
တော့...အချစ်တွေနဲ့ပြည့်သိပ်နေတဲ့အပျော်ရွှင်ရဆုံးလူသားလေးဖြစ်ချင်မိတယ်..။သစ်ရွက်တွေကြွေပြီး...ရွက်သစ်ဝေတဲ့နွေဦး
ဘက်မှာဆို...ချစ်သူပူလောင်နေပြီလားဟုစိတ်
ပူတတ်တဲ့အဖြစ်မျိုး...မိုးတွင်းဘက်မိုးဖွဲ့လေး
တွေကျရင်တောင်...ထီးလေးနဲ့အုပ်မိုးပြီးအနွေးဓာတ်ပေးမဲ့အဖြစ်မျိုး...ဆောင်းတွင်းဘက်မှာဆို...ခိုလှုံစရာရင်ခွင်နွေးနွေးပေးနိင်မဲ့
အဖြစ်မျိုး...တကယ်တော့အချစ်ဆိုတာအရမ်းချစ်ပြနေစရာမလိုပါဘူး...သူ့အတွက်အမြဲ
ရှိပေးရုံနဲ့တင်လုံလောက်ပြီလို့..ငြိမ်းကတော့
ထင်မှတ်ထားသည်လေ..။
ESTÁS LEYENDO
NYEIN. ( ငြိမ်း )[ Complete ]
Acciónနှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စူးစ်ိုက်ကြည့်.. နာမည်လေးတောင်အမာရွတ်စွဲနေပြီ ငြိမ်း.....ငြိမ်းတဲ့ ( Collage life Bl.Drama_Romance) ႏ...