Part ( 20 )

12.1K 677 6
                                    

ကော်ဖီခါးခါးတွေကို
ခင်ဗျားနှစ်သက်မှန်းသိတယ်
ကော်ဖီခါးခါးတွေလို
ကျွန်တော်အပေါ်မခါးသက်ပါစေနဲ့လို့
ဆုတောင်းရင်း......

😍Nyein😘

မဖြစ်သင့်တဲ့အဝေးဆီသို့ကျွန်တော်ပြေးထွက်
လိုက်တယ်...စိတ်ထဲပြတ်သားစွာနဲ့ဆုံးဖြတ်
ချက်မျှော်လင့်ချက်အိမ်မက်တွေနဲ့..ရင်တွင်းကဘဝသစ်တံခါးလေးကပွင့်လို့.....

အဲ့တံခါးလေးထဲဝင်လိုက်တာနဲ့...အပြုံးသစ်
အနာဂတ်အသစ်တွေနဲ့တစ်ယောက်သောသူကစောင့်မျှော်နေလေရဲ့....။

"ဦး....ဦး...ဦးလို့..."

အလုပ်ပိတ်ရက်ဖြစ်တာကြောင့်ဒီနေ့တော့ငြိမ်းအနေနဲ့....သိပ်အလုပ်မရှုပ်တာကြောင့်အပြင်ခနသွားရန်..ဦးဆီခွင့်တောင်းနေခြင်းဖြစ်သည်...ထိုလူကြီးကအလုပ်မှာလည်းကြိုးစားသ
လောက်...အလုပ်ပိတ်ရက်တောင်စာကြည့်ခန်းထဲ...စာအုပ်ဖတ်ရင်းစိတ်နှစ်နေလေရဲ့...။

တခွန်းခေါ်မကြား...နှစ်ခွန်းခေါ်မကြားနဲ့မို့လေသံကိုခပ်မြင့်မြင့်ထားလို​က်ပြီးခေါ်လိုက်မှ..
စာကြည့်နေရင်းခေါင်းထောင်လာလေသည်..။

ထုံးစံအတိုင်းအကြည့်တွေကစူးရှတည်ငြိမ်
လျက်....။

"ဟိုလေ....ငြိမ်းဒီနေ့အပြင်ခနသွားလို့ရမလား
ဟိုနေ့ကလည်းပြောထားတယ်လေ...အပြင်ခနသွားချင်တယ်လို့...အခုကဦးလည်းအလုပ်
ပိတ်တော့လေ...ငြိမ်းအပြင်ခနသွားချင်လို့.."

"မင်းဟိုတခါကလည်းအပြင်ကိုသွားတယ်..
အခုလည်းထွက်ပြန်ပြီ...ဘာတွေလုပ်စရာရှိလို့လဲ...ဝယ်စရာရှိတယ်ဆိုရင်ငါလိုအပ်တာဝယ်ပေးမယ်..."

ခပ်ပြတ်ပြတ်ပြောရင်း..ဖတ်နေဆဲစာအုပ်ကို
ပြန်အကြည့်ပို့လိုက်သောဦးကြောင့်....။

"ဝယ်စရာမရှိပါဘူး...ဦးကလိုအပ်တာဝယ်ပေးတာဟုတ်ပေမဲ့....ငြိမ်းအသိတစ်ယောက်
ကိုသွားတွေ့ချင်လို့ပါ...ခနပါဘဲဦးရယ်...နော်
နော်..."

"မင်းကဘယ်ကလူကိုတွေ့ချင်ရတာလဲ..ဧကန္တ
ဟိုကောင်ကိုလား....မှန်မှန်ပြောငါ့ကိုလိမ်ဖို့မ
ကြိုးစားနဲ့..."

"မ...မဟုတ်ပါဘူးငြိမ်းအသိတစ်ယောက်ပါ..
မယုံရင်ဦးပါလိုက်ခဲ့ပါလား...လုပ်ပါဗျာ..ငြိမ်း
ကိုခွင့်ပြုနော်...ငြိမ်းကိုသူ့အိမ်မှာနေရတယ်ဆို
ပြီးအနိင်ကျင့်မလို့လား..."

NYEIN.   (  ငြိမ်း  )[ Complete ]حيث تعيش القصص. اكتشف الآن