44. Pre-Ending Chapter
နေ့တစ်နေ့ရဲ့ ညနေခင်းတစ်ခု။ Park Seung မြို့နားက ပင်လယ်ပြင်တစ်နေရာ။
Luhan နှင့် Sehun တို့ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အဖြေတစ်ခုကို စောင့်ဆိုင်းနေကြသည်။ သူတို့ရဲ့မျက်လုံးအစုံတို့က ရှေ့မှ ခန္ဓာကိုယ်တစ်ခုပေါ် ကျရောက်လျက်။ သူတို့ရဲ့လက်နှစ်ခုကို တွဲချည်ထားသည့် သံကြိုးလေးနဲ့တောင် မလုံလောက်သေးသည့်အလား လက်ချောင်းချင်းပါ တွဲဆက်ထားမိသေး၏။
"ဟင်း..."
ရှေ့မှ သက်ပြင်းတစ်ခုကိုချသည်။ Sehun ရဲ့အဖေက Luhan နဲ့ Sehun တို့ကို တစ်ချက်ကြည့်ပြီးမှ ခေါင်းညိတ်၏။
"မင်းတို့ကို ငါမခွဲတော့ပါဘူး..."
အဲ့ဒီ့စကားတစ်ခွန်းကြားတော့ Sehun ရဲ့ နှုတ်ခမ်းတို့က လှလှပပကို အပြုံးတစ်ခုဆောင်လိုက်လေသည်။ သူ့သားရဲ့အပြုံးကိုကြည့်ရင်း Sehun ရဲ့အဖေကလည်း ပြုံးသည်။ Luhan ကလည်း တစ်ချက်ပြုံးကာ Sehun ရဲ့ လက်ကို နောက်လက်တစ်ဖက်နှင့်အုပ်ကိုင်၏။ SeHun ရဲ့အဖေက ချောင်းဟန့်သတိပေးလိုက်ရသည်။ ပြီးတော့ ခပ်အေးအေးပြုံးသည်။ ဒီလိုဆိုလျှင်တော့ အခြေအနေမဆိုးလှတာကို Luhan ရိပ်စားမိပါသည်။
"မင်းအစ်မက လူသားနဲ့လက်ထပ်တယ်။ မင်းက ဝံပုလွေနဲ့လက်ထပ်တယ်။ ကောင်းပြီလေ။ မင်းအစ်မကမွေးလာမဲ့ကလေးကို စောင့်ကြည့်ရသေးတာပေါ့လေ..."
Sehun မျက်ခုံးပင့်လိုက်သည်။
"Noona က အစ်ကို Jong Hyun နဲ့ ကိုယ်ဝန်တောင်ရနေပြီလား..."
Sehun ရဲ့အဖေက ခေါင်းခါပြသည်။
"ဒါပေမဲ့ လိုတော့မယ်မထင်ပါဘူး။ သူတို့က ကဲကကဲနဲ့..."
"ဒါဆိုရင်တော့ ကျွန်တော်တို့သိပ်မကြာခင်မှာ တူလေးထိန်းရတော့မယ်နဲ့တူတယ်..."
Luhan စကားလေးကြောင့် ရယ်သံအချို့က Sehun ရဲ့အိမ်လေးအတွင်း ဆူညံသွားသည်။ Luhan နှင့် Sehun တို့ရယ်ရင်း အချင်းချင်းကြည့်မိ၏။ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းထဲမှာ တောက်ပနေသည်။
BINABASA MO ANG
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...