Special Chapter 1
နှင်းတွေ...
ကောင်းကင်ထက်ယံမှ အစီအစဉ်မကျစွာ ကျဆင်းနေသည့် ဖြူဖွေးလင်းလက်သော နှင်းပွင့်တွေကို Min Seok အမှတ်တမဲ့ ကြည့်နေမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက အေးစိမ့်လျက်...
"Min Seok Hyung..."
ခေါ်သံကြောင့် သူကြည့်မိတော့ Jong Dae က သူ့ကိုကြည့်နေသည်။ ကောင်လေးရဲ့ ဆံပင်နက်တို့ပေါ်မှာ နှင်းပွင့်တို့က စီကြဲလို့။ Min Seok ကို ခပ်ငေးငေးကြည့်နေသော Jong Dae နှင့် အချိန်တော်တော်ကြာအောင် အကြည့်ချင်းဆုံပြီးတော့မှ Min Seok အသိဝင်လာကာ ပြန်ဖြေမိသည်။
"အင်း...ဘာပြောမလို့လဲ..."
"ဦးလေးတို့ ဘယ်မှာနေလဲ သိလို့လား..."
Min Seok ခေါင်းခါရင်း တစ်ချက်ရယ်မိသည်။
"ငါသာသိခဲ့ရင် သူတို့အခုချိန် သေနေလောက်ပြီ။"
Min Seok ရဲ့စကားကို ကြာပြီး မျက်လုံးလေးပြူးကျယ်ကာ နောက်တစ်လှမ်းဆုတ်သော Jong Dae ကြောင့် Min Seok ဆက်ရယ်မိသည်။ တကယ့်ကို ကြောက်သွားသလိုမျိုးလေး။ ခဏနေမှ ရယ်မိနေတာ သတိထားမိပြီး ပြန်တည်လိုက်မိသည်။
"Hyung က ဘာလဲ..."
Jong Dae က ခပ်ရွံ့ရွံ့မေးရင်း Min Seok ရဲ့နောက်မှ ခပ်ခွာခွာလျှောက်လိုက်သည်။ Min Seok လည်း နေရာတစ်ခုဆီသို့ ခြေလှမ်းတွေဦးတည်လျက်မှ ခပ်အေးအေးဖြေမိသည်။
"အရင်တုန်းကတော့ ငါက Supernatural Hunter. မင်းရဲ့ဦးလေးတွေနဲ့ ရန်ဖြစ်ဖူးတယ်။ ဒါပေမဲ့ အခုတော့ ဘာမှမဟုတ်တော့ပါဘူး။"
Jong Dae ဘာမှမမေးခင်မှာ Min Seok က ဆက်ကာ လှည့်မေးမိသည်။
"မင်းငါ့ကို မကြောက်ဘူးမဟုတ်လား။"
အမေးကိုကြားတော့ ချက်ချင်းပြန်မဖြေ။ JongDae က ခဏနားနေပြီးမှ ခေါင်းကိုအသာလေးခါပြသည်။ Min Seok ပြုံးမိသည်။ ကောင်းပါတယ်လေ။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...