41. Fading Away

5.5K 524 25
                                    

41. Fading Away

ChanYeol ရဲ့ပခုံးတစ်​ချက်​နာသွား​တော့ မျက်​လုံးဖွင့်​ကြည့်​လိုက်​မိသည်​။

"ဟင်​?"

နက်​​မှောင်​​နေ​သော ​ကောင်းကင်​​ပေါ်မှ လင်းလက်​​နေသည့်​ ကြယ်​အစုအ​ဝေး​တွေကို ChanYeol တိုက်​ရိုက်​မြင်​လိုက်​ရသည်​။ ​ကျောဆီမှစူးရှနာကျင်​မှု​ကြောင့်​ ​ဘေး​စောင်းမိ​တော့ ChanYeol ​​ကောက်​ရိုး​​မြေပြင်​​ပေါ်မှာ အိပ်​​နေမိပါလား။ ဒါ​ပေမဲ့ ဒါကဘယ်​လိုဖြစ်​ရတာလဲ။ သူကဘာလို့ဒီမှာ...

Kim Young Min ကိုသတ်​ဖို့ သူတို့ဒီ​ရောက်​လာခဲ့ခြင်းကအစ သူသတိလစ်​သွားသည်​အထိ အရာအားလုံးက ChanYeol ​ခေါင်းထဲစိမ့်​ဝင်​လာခဲ့သည်​။ ChanYeol, ​ရှေ့ကိုကြည့်​လိုက်​​တော့ ​မြေ​ပေါ်တွင်​လှဲကျ​နေ​သော BaekHyun. သူ့​ရှေ့မှာက ​သွေးလို့ထင်​ရ​တာ​တွေ စွန်း​နေ​သော ဓား​မြှောင်​တစ်​​ချောင်း။ ခပ်​လှမ်းလှမ်းမှာက ​တောင်​ပံ​တွေကိုဖြန့်​ဆန့်​ထား​သော ​ရွှေ​ရောင်​လက်​​နေ​သည့်​ Suho. ဟိုဘက်​မှာကျ​တော့ လဲကျ​နေ​သောလူနှစ်​ဦး။

"Jong Dae... Min Seok!"

ChanYeol ရဲ့အသံနက်​ဖြင့်​ ​အော်​လိုက်​မိတာကို Lay နှင့်​ Suho တို့ကြားကာ လှည့်​ကြည့်​ကြ​လေသည်​။ ChanYeol က​တော့ ခပ်​​ဝေး​ဝေးမှမြင်ကွ​င်းကိုကြည့်​ကာ အနည်းငယ်​​သွေးပျက်​​နေခဲ့ပြီဖြစ်​သည်​။

ဟုတ်​တယ်​​လေ။ ChanYeol ရဲ့စူးရှ​​​သောမြင်​လွှာထဲမှာ ထင်​ရှား​နေတာက နီရဲ​​နေ​သော​ သွေးစက်​​တွေကြားမှ လူနှစ်​​ယောက်​။ လက်​အချင်းချင်းကို မပြုတ်​ရုံဆုပ်​တွဲထား​နေ​သော သူ့ရဲ့သူငယ်​ချင်းနဲ့မိတ်​​ဆွေ၊ Jong Dae နှင့်​ Min Seok တို့ရဲ့ကိုယ်​ခန္ဓာ​တွေ။

~°•°•°•°•°~

"ကျွီ..."

"Chan Yeol... ဖြည်းဖြည်းလုပ်​ပါလား..."

ကွေ့ယူသည့်​အရှိန်​များ​သော​ကြောင့်​ ထွက်​လာ​သော လမ်းမနှင့်​တာယာရဲ့ပွတ်​သံကို ကြား​တော့ Suho က Chen ပခုံးကိုဆုပ်​ကိုင်​ထားရင်းမှ လှမ်း​အော်​သတိ​ပေးမိသည်​။

"ဖြည်းဖြည်းလုပ်​ဖို့..."

"ကျွီ"

"​အချိန်​မရှိ​တော့ဘူး... သူတို့အ​ခြေအ​နေဆိုး​နေပြီ"

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Where stories live. Discover now